"အိပ်မက်တွေ မိုးထားတဲ့အိမ် "ရုပ်သံဇာတ်လမ်းတွဲ မှာ ပါဝင်သရုပ်ဆောင်မယ့် မျိုးစန္ဒီကျော်

Posted on - Aug 14 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မျိုးစန္ဒီကျော် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင် တစ်ဦးပါ။ မျိုးစန္ဒီကျော် က ချောမောလှပပြီး သူမသရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာ ရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပါ။ မျိုးစန္ဒီကျော် မှာ ချစ်စရာကောင်းတဲ့ သမီးလေး Jewel ကိုပိုင်ဆိုင်ထားပြီး Jewel လေးကလည်း ပရိသတ်တွေ ချစ်ရတဲ့ သူလေးပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တ်ေအတွက် မျိုးစန္ဒီကျော် က "အိပ်မက်တွေ မိုးထားတဲ့အိမ် "ရုပ်သံဇာတ်လမ်းတွဲ မှာ ပါဝင်သရုပ်ဆောင်မယ့်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မျိုးစန္ဒီကျော်က ခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာပြီဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ ပုံရိပ်လေးတွေကို ချစ်တဲ့ ပရိသတ်တွေအတွက်ဖော်ပြပေးလေ့ရှိပါတယ်။

ဒီတစ်ခါမှာတော့ မျိုးစန္ဒီကျော်က MNTV နှင့် Myanmar Media 7 တို့ပူးပေါင်းတင်ဆက်မယ့် ဇာတ်လမ်းတွဲဖြစ်တဲ့ "အိပ်မက်တွေမိုးထားတဲ့အိမ် "ဇာတ်လမ်းတွဲကို မိုရီဆာကီဝင်း ၊နေခြည်ဦး၊ ချမ်းမင်းရဲထွဋ် ၊အောင်လေး ၊အုပ်စိုးခန့် ၊ညီနန္ဒ ၊ ရွှေရင်အေး ၊သဲနန္ဒာစိုး၊ မေနွယ်ထွန်း ၊ဝမ်ဝမ်း ၊ကေညီ တို့နဲ့အတူ သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ "အိပ်မက်တွေ မိုးထားတဲ့အိမ် "ရုပ်သံဇာတ်လမ်းတွဲမိတ်ဆက်ပွဲ အခမ်းအနားကို မျိုးစန္ဒီကျော်က အနုပညာရှင်များစွာနဲ့အတူ တက်ရောက်ခဲ့တာပါ။

သရုပ်ဆောင် မျိုးစန္ဒီကျော် ရဲ့ အရမ်းလှနေတဲ့ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;myo sandi kyaw

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။