မြင်သူတိုင်း နေချင်သွားရလောက်တဲ့ သူမရဲ့အိမ်ကြီးကို ထုတ်ကြွားခဲ့တဲ့ Girl Day Yura

Posted on - Aug 15 []

Myint Myat

စာရေးသူ

င်္Girl Day အဖွဲ့ဝင် Yura ဟာ Seoul Mate 3 အစီအစဉ်မှာ ပါဝင်ရင်း သူမရဲ့ တန်ဖိုးကြီးမားလွန်းတဲ့ ဇိမ်ခံအိမ်အကောင်းစားကြီးကို ထုတ်ပြခဲ့ပါတယ်။ Yura ရဲ့အိမ်ကြီးဟာ အလွန်ခမ်းနားလွန်းပြီး အထဲမှာ ဇိမ်ခံပစ္စည်းအကောင်းစားတွေနဲ့ လူတိုင်းနေချင်စဖွယ်အိမ်ကြီးလည်း ဖြစ်ပါတယ်။

Yura ရဲ့ အဲဒီဇိမ်ခံအိမ်ကြီးဟာ ဆိုးလ်မှာ တည်ရှိပြီး အဲဒီပတ်ဝန်းကျင်မှာ အနုပညာရှင်တွေအများစု နေထိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ပရိသတ်တွေကို Yuraရဲ့ဇိမ်ခံအိမ်ကြီးဆီ အလည်ခေါ်သွားချင်ပါတယ်။

Yura ရဲ့အခန်း

ဒါကတော့ Yura ရဲ့အခန်းပဲ ဖြစ်ပါတယ်။ Yura ဟာ သူမရဲ့အိပ်ယာဘေးမှာ ပန်းချီကားချပ်ကို ထားရှိထားတာတွေ့ရပါတယ်။ ဒါ့အပြင် အခန်းထဲမှာပဲ နောက်ထပ် အခန်းကျဉ်းကျဉ်းလေးတစ်ခုလည်း ထပ်မံပါရှိပါတယ်။

မီးဖိုချောင်

ဒါကတော့ ဖီးဖိုချောင်ဖြစ်ပြီး Yura တို့မိသားစု ညစာစားတဲ့အခါ ဒီပုံထဲက စားပွဲမှာပဲ စားတာဖြစ်ပါတယ်။ Yura ဟာ ဒီမီးဖိုချောင်ထဲမှာ သူမရဲ့ အချက်အပြုတ်လက်ရာကိုလည်း ပြသလေ့ရှိပါတယ်။

ဧည့်ခန်း

ဧည့်ခန်းထဲမှာ သက်သောင့်သက်သာနဲ့ ဇိမ်ကျကျ ခံစားလို့ရမယ့် အလွန်ကြီးမားတဲ့ TV ကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် ပြတင်းပေါက်အပြင်ဘက်က မြင်ကွင်းကလည်း အရမ်းကို မိုက်တာကို တွေ့ရမှာပါ။

သိုလှောင်ခန်း

ဒါက မူလကတော့ သိုလှောင်ခန်းတစ်ခုပါပဲ။ ဒါပေမဲ့ Yura က သေချာပြင်ဆင်ပြီး သူမရဲ့သူငယ်ချင်းတွေ အိမ်အလည်လာရင် အိပ်လို့ရအောင် ကျကျနန သေချာပြင်ဆင်ထားခဲ့တာပါ။

Yura အတွက်ထူးခြားတဲ့အခန်း

ဒီအခန်းကို Yura ကတော့ ထူးခြားတဲ့အခန်းလေးတစ်ခန်းလို့ ပြောဆိုခဲ့ပါတယ်။ ဒီအခန်းထဲမှာ Yura ဟာ တစ်ယောက်တည်းဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ဂိမ်းဆော့ရင်း စိတ်အပန်းဖြေလေ့ရှိပါတယ်။

ကွန်ပျူတာခန်း

ဒီအခန်းထဲမှာတော့ ကွန်ပျူတာတွေများစွာ ထားရှိထားတာကို တွေ့မြင်ရမှာပါ။ ကြည့်ရတာတော့ Yura ဟာ ဒီအခန်းထဲမှာလည်း ဂိမ်းလာဆော့ပုံပါပဲ။

ပန်းချီခန်း

ဒါကတော့ ပန်းချီခန်းပဲ ဖြစ်ပါတယ်။ Yura ဟာ တချို့တွေမှာ အေးအေးဆေးဆေးနဲ့ ဒီအခန်းထဲလာပြီး တစ်နေကုန်ပန်းချီရေးဆွဲနေလေ့ရှိပါတယ်။ ဒါကြောင့် Yura ဟာ တကယ့်ကို ဘက်စုံထူးချွန်သူလို့ ဆိုရမှာပါ။

Yura ရဲ့နေအိမ်

Yura ရဲ့အိမ်ကြီးဟာ ဘယ်လောက်တောင် ခမ်းနားသလဲဆိုတာ ပရိသတ်တွေလည်း တွေ့မြင်ပြီးဖြစ်မှာပါ။ ဒါကြောင့် ပရိသတ်တွေအနေနဲ့လည်း Yura လိုအိမ်မျိုးမှာ နေချင်ရဲ့လားဆိုတာ ပြောပြပေးသွားခဲ့ပါဦးနော်။

Myint Myat

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။