အချစ်အပေါ် ကိုးကွယ်မှု မမှားဖို့ လိုတယ်လို့ ပြောလာတဲ့ သူရိယ

Posted on - Aug 16 []

May Phyo

စာရေးသူ

ပရိသတ်တွေချစ်ကြတဲ့ စိန်ဘယက် မင်းသားလေးသူရိယဟာ ယခုနောက်ပိုင်းမှာတော့ အချစ်ရေးပတ်သက်ပြီး သူ့ချစ်သူနဲ့ စုံတွဲ ပုံရိပ်တွေ မတွေ့ရှိရတော့ဘဲ သူတစ်ကိုယ်ထဲ မိသားစုတွေနဲ့အတူ သွားလာလှုပ်ရှားနေတဲ့ ပုံရိပ်တွေကိုသာ တွေ့မြင်လာရပါတယ်။ သူရိယက ယခုအခါမှာတော့ သူ့ရဲ့ ခံစားတစ်ချို့ကို ရေးသားဖော်ပြလာခဲ့ပါပြီ။ သူဟာ အချစ်နဲ့ ပတ်သက်ပြီး ခံစားခဲ့ဖူးတဲ့ သူတစ်ယောက်ဆိုတာကို အဲ့ဒီစာသားတွေက သက်သေပြလိုက်ပါပြီ။

သူရေးသားခဲ့တာကတော့  “ အချစ်ကို ကိုးကွယ်တာ တန်ဖိုးထားတာ မင်းအမှား မဟုတ်ပါဘူး။ ကိုးကွယ်မူ တန်ဖိုးထားမူ မမှားဖို့ပဲလိုတာပါ ☀ သူရိယ” ဆိုကာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

သရုပ်ဆောင် သူရိယ ဟာ သူစိတ်ဝင်စားတဲ့ အနုပညာအလုပ်တွေကိုလဲ ဆက်လက်လုပ်ကိုင်နေပြီး မိသားစုတွေ နဲ့အတူ တခြားသော ပရဟိတလုပ်ငန်းတွေကိုလဲ လုပ်ကိုင်ဆောင်ရွက်ချက်ရှိပါတယ်။ သူရိယ ဟာ သူချစ်ရသူနဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို တောင်လုပ်ဆောင်ခဲ့ပြီး ယခုချိန်မှာတော့ သူတစ်ယောက်ထဲသာ ရပ်တည်နေတာကိုလဲ တွေ့မြင်ရမှာပါ။

သူရိယ ဆိုတာက တော့ စိန်ဘယက် ဆေးကြော်ငြာ ရိုက်ကူးခဲ့ချိန်ကစပြီး ပရိသတ်တွေက သိရှိခဲ့ကြတာလဲ ဖြစ်ပါတယ် ။ သူဟာ ကြော်ငြာတွေ ၊ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့သလို ရုပ်ရှင်ကားကြီး တစ်ချို့မှာလဲ ပါဝင်သရုပ်ဆောင်ခဲ့သူလဲ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ကားရိုက်တွေနည်းလာပြီး သူ့ ဖေ့စ်ဘုတ်စာမျက်နှာကနေသာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက်ရှိလှပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source – Thuri Ya

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။