ပရိသတ်တွေ စိတ်ပူရလောက်တဲ့ အချစ်ရေးအခြေအနေကို ထုတ်ပြောလိုက်တဲ့ နန်းဆုရတီစိုး

Posted on - Aug 16 []

Myint Myat

စာရေးသူ

အရုပ်မလေးလို ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့်ရော၊ အဆိုပိုင်းမှာလည်း ထူးချွန်တာကြောင့်ပါ ပရိသတ်တွေရဲ့အာရုံစိုက်ခြင်းကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အများက အားကျရတဲ့ အချစ်ရေးကိုလည်း ပိုင်ဆိုင်ထားသူတစ်ဦးပါ။ ဒီနေ့လေးမှာတော့ နန်းဆုက ပရိသတ်တွေ စိတ်ပူရလောက်တဲ့အထိ ဖြစ်နေတဲ့ အချစ်ရေးအခြေအနေကို ထုတ်ပြောလာတာ တွေ့ရပါတယ်။ အမြဲအားကျနေရတဲ့ စုံတွဲလေးမို့ ပရိသတ်တွေကလည်း သို့လော၊ သို့လောနဲ့ အရမ်း စိတ်ပူနေကြတာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ပရိသတ်တွေ စိတ်ပူနေကြတဲ့ နန်းဆုရတီစိုးရဲ့စကားတစ်ခွန်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နန်းဆုကတော့ ဒီနေ့လေးမှာပဲ သူမရဲ့ဖေ့စ်ဘုတ်မှာ "ကံပါသလောက် ချစ်ခဲ့ပြီးပြီပဲ" ဆိုတဲ့ ဝမ်းနည်းစရာစကားတစ်ခွန်းကို လေးလေးနက်နက် ရေးသားထားတာပါ။ သူမတို့စုံတွဲလေးကတော့ အမြဲလိုလို အနုပညာအလုပ်တွေလည်း အတူတူလုပ်လေ့ရှိတာ တွေ့ရပြီး မကြာခဏဆိုသလိုလည်း ပွဲတွေအတူတက်လေ့ရှိပါတယ်။ လတ်တလောမှာတော့ သူတို့ချစ်သူနှစ်ဦးရဲ့အနုပညာလှုပ်ရှားမှုတွေ အတူတူတင်တာ သိပ်မတွေ့ရတော့တာလည်း တွေ့ရပါတယ်။

G Fatt နဲ့ နန်းဆုရတီစိုးတို့ စုံတွဲလေးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေအပြည့်နဲ့ ရှေ့ဆက်နေကြတာ အခုဆိုရင် ချစ်သူသက်တမ်း (၂) နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။

အောင်မြင်တဲ့ အနုပညာရှင်အချင်းချင်းလည်းဖြစ်၊ တစ်ဦးနဲ့တစ်ဦးလည်း ဘယ်လောက်ချစ်ကြောင်း သီချင်းတွေနဲ့ ဖော်ပြလေ့ရှိတဲ့ Romantic ဆန်ဆန် စုံတွဲလေးမို့ ပရိသတ်တွေကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြတာ တွေ့ရပါတယ်။ လတ်တလောမှာတော့ နန်းဆုရော G Fatt ပါ သူတို့ရဲ့အနုပညာအလုပ်တွေကို အကောင်းဆုံး လုပ်နေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ နန်းဆုတို့ စုံတွဲလေး အဆင်ပြေပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Myint Myat
Source;Nansu Yati Soe's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။