မန်ယူကို စရောက်ရောက်ချင်း လုံးဝအချိုးမပြေလွန်းတဲ့ စီရော်နယ်ဒိုရဲ့လုပ်ရပ်တစ်ခု

Posted on - Aug 17 []

Gunner Ksr

စာရေးသူ

စီရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်က ပေါ်တူဂီကလပ်စပို့တင်းလစ္စဘွန်းကနေ ပရီးမီးယားလိဂ်ကလပ်မန်ယူကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနေ့က စီရော်နယ်ဒိုတစ်ယောက် ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်ကို ပထမဆုံး တက်လှမ်းလာခဲ့တဲ့နေ့ဖြစ်ပြီး Ballon d'Or ဆု (၅) ကြိမ်အထိ ရယူနိုင်ဖို့အတွက် ပထမဆုံးစတင်ခဲ့တဲ့ခြေလှမ်းဆိုရင်လည်း မမှားပါဘူး။ အဲဒီတုန်းက စီရော်နယ်ဒိုရဲ့အသက်ဟာ (၁၈) နှစ်သာသာလောက်ပဲ ရှိပါသေးတယ်။

မန်ယူဟာ စီရော်နယ်ဒိုအတွက် ပေါင် (၁၂.၂) သန်းအထိပေးချေခဲ့ရတာဖြစ်ပြီး အဲဒီအချိန်တုန်းကနဲ့ ကြည့်မယ်ဆိုရင် လူငယ်ကစားသမားတစ်ယောက်အတွက်တော့ မြင့်မားလွန်းတဲ့ပြောင်းရွှေ့ကြေးမျိုးပါပဲ။

သူ့ကိုယ်သူယုံကြည်ချက်ပြင်းထန်လွန်းနေတဲ့ စီရော်နယ်ဒိုရဲ့အဲဒီတုန်းက ပုံစံဟာ အများအမြင်မှာတော့ အချိုးမပြေစရာဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် မန်ယူအသင်းရဲ့အ၀တ်လဲခန်းအတွင်းမှာပေါ့။ စီရော်နယ်ဒိုရဲ့ အဲဒီအချိုးမပြေတဲ့လုပ်ရပ်ကို မန်ယူကစားသမားဟောင်းဖော်ကျူးက ဖွင့်ဟသွားခဲ့ပါတယ်။

"စီရော်နယ်ဟာ သူ့ကိုယ်သူယုံကြည်ချက် အရမ်းလွန်ကဲနေခဲ့တာဗျ။ ပြီးတော့ အ၀တ်လဲခန်းမှာရှိတဲ့လူတိုင်းကို သူဟာအကောင်းဆုံးကစားမားဖြစ်ကြောင်း လိုက်ပြောတယ်။ စတွေ့တွေ့ချင်တုန်းက သူ့ရဲ့ပုံစံကတော့ ၀င့်ကြွားကြွားနိုင်လွန်းပြီး တကယ့်ကို အချိုးမပြေတာပါပဲ"လို့ ဖော်ကျူးက ပြောဆိုသွားခဲ့ပါတယ်။

ဒါပေမဲ့ စီရော်နယ်ဒိုဟာ ယုံကြည်မှုပြင်းထန်သလောက် အကောင်းဆုံးကြိုးစားခဲ့ပြီး နောက်ဆုံးမှာ Ballon d'Or ဆု (၅) ကြိမ်ရယူနိုင်ခဲ့တဲ့အထိ၊ GOAT လို့ အားလုံးက တင်စားခြင်းခံခဲ့ရအထိ ဘ၀မျိုးကို ပိုင်ဆိုင်ခဲ့ပါတယ်။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။