ယူအီးအက်ဖ်အေရဲ့အကောင်းဆုံးကစားသမားဆု ဘယ်သူရမလဲဆိုတာ ပေါက်ကြားမှုဖြစ်ပွား

Posted on - Aug 17 []

Gunner Ksr

စာရေးသူ

ယူအီးအက်ဖ်အေဟာ ၂၀၁၈-၁၉ ဘောလုံးရာသီရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် (၃) ဦးစာရင်းကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထုတ်ပြန်ခဲ့ပါတယ်။ ယူအီးအက်ဖ်အေရဲ့ဆန်ခါတင် (၃) ဦးစာရင်းမှာ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ၊ လီဗာပူးနောက်ခံလူဗန်ဒိုက်ခ်ျနဲ့ ဂျူဗင်တိုက်စစ်မှူး စီရော်နယ်ဒိုတို့က ပါဝင်လာခဲ့တာဖြစ်ပါတယ်။ အဲဒီအထဲမှာမှ မက်ဆီနဲ့ ဗန်ဒိုက်ခ်ျဟာ ဆုရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေခဲ့တာပါ။

မက်ဆီနဲ့ ဗန်ဒိုက်ခ်ျဟာ ပြီးခဲ့တဲ့ဥရောပဘောလုံးရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသခဲ့ကြသူတွေဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ တောက်ပလွန်းတဲ့ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းကို လာလီဂါဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လီဗာပူးအသင်း ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ခဲ့တဲ့နေရာမှာ ဗန်ဒိုက်ခ်ျက အလွန်အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဗန်ဒိုက်ခ်ျဟာ မက်ဆီနဲ့ အပြိုင်ရေပန်းစားတဲ့အထိ ဖြစ်လာခဲ့ရတာပါ။

အခုအခါမှာတော့ အွန်လိုင်းမှာ ယူအီးအက်ဖ်အေက အကောင်းဆုံးကစားသမားအဖြစ် ဘယ်သူကိုရွေးချယ်သွားမလဲဆိုတာ ပေါက်ကြားမှုဖြစ်ပွားခဲ့ပါတယ်။ ယူအီးအက်ဖ်အေ ရွေးချယ်ထားခဲ့တာကတော့ ဘာစီလိုနာတိုက်စစ်မှူးလီယွန်နယ်မက်ဆီပဲ ဖြစ်ပါတယ်။

ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းထဲမှာတော့ မက်ဆီဟာ (၂၂၅) မှတ်နဲ့ ယူအီးအက်ဖ်အေရဲ့ အကောင်းဆုံးဆုကို ရရှိလိမ့်ဖြစ်ကြောင်း ပါရှိပါတယ်။ အမှန်တကယ်မှာလည်း မက်ဆီအနေနဲ့ ရရှိသွားမလားဆိုတာ ရင်ခုန်စွာနဲ့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။