အလုပ်​​တွေများတဲ့ မင်းသမီး​ပေမယ့်​ ခင်​ပွန်းရဲ့ရှုတင်​မှာ လိုက်​​စောင့်​​ပေး​နေရှာတဲ့ ​ရွှေမှုံရတီ

Posted on - Aug 17 []

Myint Myat

စာရေးသူ

တစ်​ဦးကိုတစ်​ဦး နှစ်​နှစ်​ကာကာနဲ့ တကယ်​ချစ်​မိသွားတဲ့သူ​တွေဆိုတာ ကိုယ့်​အတွက်​ကိုယ်​ထက်​ ချစ်​ရသူ အဆင်​​ပြေဖို့ကို ပိုပြီး ဦးစား​ပေးတတ်​ကြပါတယ်​။ ပရိသတ်​​တွေ အားကျချစ်​ခင်​ရတဲ့ အနုပညာရှင်​​တွေဖြစ်​ကြတဲ့ ​ရွှေထူးနဲ့ ​ရွှေမှုံရတီတို့ ဇနီး​မောင်​နှံနှစ်​ဦးကလည်း တစ်​ဦးရဲ့ လိုအပ်​ချက်​​တွေကို တစ်​ဦးဖြည့်​ဆည်းရင်း ချစ်​ခြင်း​မေတ္တာဆိုတာ ဘယ်​​လောက်​ထိ​လေးနက်​​ကြောင်း ပြ​နေကြသူ နှစ်​ဦးပဲ ဖြစ်​ပါတယ်​။ ခင်​ပွန်းကို အရမ်းချစ်​တဲ့ ​ရွှေမှုံ​လေးက​တော့ သူမကိုယ်​တိုင်​က အလုပ်​​တွေများတဲ့ မင်းသမီး​ပေမယ့်​လည်း အိမ်​​ထောင်​ဦးစီးဖြစ်​သူ ​ရွှေထူးရဲ့အလုပ်​ကို ပိုဦးစား​ပေးတယ်​ဆိုတာကို ပြသခဲ့တာ ​တွေ့ရပါတယ်​။ ​ရွှေမှုံ​လေးက​တော့ ခင်​ပွန်းဖြစ်​သူရဲ့ အလုပ်​အဆင်​​ပြေသွားမှပဲ သူမရဲ့အလုပ်​​တွေ စရ​တော့မယ့်​အ​ကြောင်း ပါရမီဖြည့်​ဘက်​​ကောင်းတစ်​ဦးအ​နေနဲ့ ကြည်​နူးစွာ ​ပြောပြလာတာပါ​နော်​။

မိုမို​လေးချစ်​ပရိသတ်​​တွေ​အတွက်​ အရမ်းကို ချစ်​တတ်​လွန်းတဲ့ ဇနီး​ကောင်းပီသသူ​လေး ​ရွှေမှုရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ရွှေမှုံရတီက​တော့ "သူအထိုင်​ကျမှာပဲ ကိုယ့်​ရှုတင်​ ပြန်​ဝင်​ရမယ်​ က​လေးရှုတင်​ လိုက်​​စောင့်​​ပေး" ဆိုပြီး ခင်​ပွန်းရဲ့ရှုတင်​မှာ စိတ်​ရှည်​လက်​ရှည်​​စောင့်​​ပေး​နေတဲ့ သူမရဲ့အ​ကြောင်းကို ကြည်​နူးစွာ တင်​ထားတာပါ။

တစ်​ဦးကိုတစ်​ဦး မျက်​နှာအညှိုးမခံတဲ့ ဇနီး​မောင်​နှံနှစ်​ဦး...။

ရွှေထူးနဲ့ ​ရွှေမှုံရတီတို့ ဇနီး​မောင်​နှံနှစ်​ဦးက​တော့ ချစ်​သူဘဝကတည်းက အခုအချိန်​အထိ စချစ်​တုန်းကအတိုင်း ကြင်​ကြင်​နာနာ ရှိ​နေကြတဲ့ အRo ဆုံး စုံတွဲ​လေးပါ။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ခင်​ပွန်းဖြစ်​သူ အထိုင်​ကျမှ သူမအလုပ်​ကို ပြန်​လှည့်​မယ့်​ ဇနီးလိမ္မာ​လေး ​ရွှေမှုံ့ကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Shwe Mhone Yati's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။