မြန်မာ့ရိုးရာဝတ်စုံလေးနဲ့ ၀ံ့ကြွားစွာပွဲတက်ခဲ့ကြတဲ့ အလှမယ် ဟန်တီနဲ့ မင်းသားထွန်းကိုကို

Posted on - Aug 17 []

May Phyo

စာရေးသူ

မြန်မာနိုင်ငံမှာ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်နေကြတဲ့ သူတို့နှစ်ယောက်ဟာ ယနေ့မှာတော့ ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Incheon International Media Festival ပွဲကို မြန်မာ့ယဉ်ကျေးမှုနဲ့ အညီ မြန်မာ့ရိုးရာဝတ်စုံေ လးကို ၀တ်ဆင်ပြီး ပွဲတက်ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ လိုက်ဖက်ညီလှတဲ့ ပုံရိပ်တွေကတော့ လူအများရဲ့ အလယ်မှာ ခမ်းနားလို့နေပါတယ်။ အဆိုပါ ပွဲကိုတက်ရောက်ဖို့အတွက် ကိုရီးယားနိုင်ငံမှ ဖိတ်ကြားခြင်းကို ခံခဲ့ရပြီး မြန်မာတွေရဲ့ ကိုယ်စားတက်ရောက်ခဲ့တာဖြစ်တယ်လို့လဲ သိရပါတယ်။

သူတို့နှစ်ဦးထဲမှာ ဟန်တီကတော့ အလှမယ်တစ်ယောက်လဲ ဖြစ်သလို Miss World Myanmar 2018 ရဲ့ Winner ဖြစ်ပြီး သူမဟာ ချစ်စရာကောင်းတဲ့အပြင် ပရဟိတအလုပ်တွေလဲ လုပ်ကိုင်နေပြီး ပရိသတ်တွေနဲ့ လဲ အဆင်အပြေဆုံး အနုပညာရှင်တစ်ယောက်လို့ပြောရမှာပါ။ သူမက သွယ်လျတဲ့ကိုယ်လုံးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာအမူ အရာလေးတွေကလဲ ပရိသတ်တွေရဲ့ အချစ်ကိုတိုးစေပါတယ်။

ထွန်းကိုကို ကတော့ ရုပ်ရှင်ကားကြီးတွေများစွာရိုက်ကူးနေပြီး သူ့ရဲ့အမိုက်စား Body ကြောင့် အမျိုးသမီး ပရိသတ်တွေ ရဲ့ ၀န်းရံခြင်းကို ခံနေရတဲ့သူလဲဖြစ်ပါတယ်။ သူဟာ ပရဟိတ အလုပ်တွေကိုလဲ လုပ်ကိုင်လေ့ရှိသလို မီးသတ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာလဲ ပါဝင် ကူညီလေ့ရှိပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော် နှစ်ယောက် အရမ်းကိုကြည့်ကောင်းနေတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ချစ်ပရိသတ်ကြီး သဘောကြနေမယ်လို့ ထင်မိပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးပရိသတ်တွေကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source – Han Thi

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။