အဖွင့်ပွဲစဉ်မှာပဲ အဝေးကန်ချက်နဲ့ ပညာသားပါပါသွင်းယူပြခဲ့တဲ့ တိုနီခရူးစ်ရဲ့ရင်သပ်ရှုမောဖွယ်အလှဆုံးဂိုး

Posted on - Aug 18 []

Gunner Ksr

စာရေးသူ

ရာသီကြိုမှာ စွမ်းဆောင်ရည်ကျဆင်းခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ရီးရဲကတော့ လာလီဂါအဖွင့်ပွဲစဉ်မှာတော့ တာထွက်လှခဲ့ပါတယ်။ ရီးရဲဟာ အဝေးကွင်းမှာပဲ ကစားရခက်ပါတယ်ဆိုတဲ့ ဆယ်လ်တာဗီဂိုအသင်းကို (၁-၃) ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဓိကကစားသမားဟာဇက် မပါဝင်နိုင်ခဲ့ပေမယ့် ရီးရဲဟာ အမှားအယွင်းမရှိဘဲ နိုင်ပွဲကို ဖော်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ကွင်းလယ်လူမိုဒရစ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရမယ့် ရီးရဲဟာ လိုချင်တဲ့ရလဒ်ကို ပုံဖော်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ရီးရဲအတွက်ဂိုးတွေကိုတော့ ဘန်ဇီမာ၊ တိုနီခရူးစ်နဲ့၊ ဗင်နီဆီးယက်စ်တို့က သွင်းယူပေးသွားခဲ့ကြတာပါ။

အထူးသဖြင့် အဲဒီဂိုးတွေထဲကမှ တိုနီခရူးစ်သွင်းယူခဲ့တဲ့ဂိုးကတော့ တကယ့်ကို အဆင့်အတန်းမြင့်မားလွန်းခဲ့တာတွေ့ရပါတယ်။ တိုနီခရူးစ်ဟာ ဂိုးဧရိယာအပြင်ဘက် ခပ်လှမ်းလှမ်းကနေ ပညာသားပါးပါး ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တိုနီခရူးစ်ရဲ့ကန်သွင်းချက်ဟာ အလွန်ကောင်းမွန်ခဲ့လို့ ဆယ်လ်တာဗီဂိုဂိုးသမားလည်း ဘယ်လိုမှမတတ်နိုင်ဘဲ ဂိုးအဖြစ်ခွင့်ပြုခဲ့ရပါတယ်။ တိုနီခရူးစ်ဟာ အရင်ကလည်း အခုလို အဆင့်အတန်းမြင့်မားတဲ့ဂိုးတွေကို သွင်းယူနေကြဖြစ်ပါတယ်။

ရီးရဲနည်းပြဇီဒန်းကလည်း တိုနီခရူးစ်ရဲ့ဂိုးကို အလွန်အံ့အားသင့်တဲ့ပုံစံမျိုးနဲ့ တုံ့ပြန်သွားခဲ့တာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် ပရိသတ်တွေအတွက် တိုနီခရူးစ်ရဲ့ လှပသေသပ်လွန်းတဲ့သွင်းဂိုးကို ဖော်ပြပေးလိုက်ရပါတယ်။

တိုနီခရူးစ်ရဲ့လှပသေသပ်လွန်းတဲ့သွင်းဂိုး

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။