သင်ဇာဝင့်ကျော်နဲ့ မအေးသောင်းတို့ရဲ့ ပြောင်းပြန် ပြောင်းလဲလာတဲ့ အောင်မြင်မှု

Posted on - Aug 18 []

May Phyo

စာရေးသူ

ပရိသတ်တွေကြားမှာ ယခုနောက်ပိုင်း မတူညီတဲ့ ပုံစံတွေနဲ့ အောင်မြင်မှုတွေရရှိနေကြတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့ သင်ဇာဝင့်ကျော်တို့နဲ့ မတူညီတဲ့ ကျော်ကြားမှုတွေကို ပြောပြချင်ပါတယ်နော်။ တစ်ခေတ်တစ်ခါ မအေးသောင်းဆိုတာ အရမ်းလန်းပြီး အရမ်းဂေါ်တဲ့ sexy မော်ဒယ်လို့တောင် တစ်ချို့က သတ်မှတ်ခဲ့ခြင်းကို ခံခဲ့ရသူပါ။ အဲ့ဒီခေတ်က ဟော့တယ်ဆိုတာ ခုခေတ်လို ရေကူးဝတ်စုံတွေကို ပေါ်ပေါ်တင်တင်ဝတ်ကာ လန်းကျတဲ့ ခေတ်မဟုတ်သေးပါဘူး ။

သို့ပေမယ့်လဲ မအေးသောင်းကတော့ အဲ့ဒီအချိန်မှာ လုံးဝကိုအမိုက်စားဖြစ်နေခဲ့တာပါ။ သူမအဲ့လို လန်းနေချိန်တုန်းက သင်ဇာဝင့်ကျော်ဟာ အေးချမ်းတဲ့ အလှတရားနဲ့ သရုပ်တောင်တစ်ယောက်အဖြစ်ပ ရိသတ်တွေ များစွာ ထားသူတစ်ယောက်ပါ။ သင်ဇာဝင့်ကျော်ရယ်လို့ လူတွေစတင်သိရှိခဲ့ချိန် က မြန်မာဆန်တယ် အေးချမ်းတည်ငြိမ်တယ် လန်းတယ်ဆိုရင်တောင် လုံလုံခြုံခြုံ လေးနဲ့ လန်းနေခဲ့တာဘဲ ဖြစ်ပါတယ်။

ဒါပေမယ့် ယခုနောက်ပိုင်း ပြန်လည်ခေတ်ထလာတဲ့ အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ အောင်မြင်မှုက ဆန့်ကျင်ဘက်ကြီးကို ဖြစ်နေခဲ့ပါတယ်။ တစ်ချိန်က အရမ်းလန်းပြီး sexy ကျခဲ့တဲ့ အေးဝတ်ရည်သောင်းက ယခုချိန်မှာတော့ မြန်မာဆန်ဆန်နဲ့ အရမ်းကို ရင့်ကျက်တည်ငြိမ်နေတဲ့ အလှပိုင်ရှင် မအေးသောင်းအဖြစ် အမျိုးသားထုကြီးကဝန်းရံနေကြတာဘဲ ဖြစ်ပါတယ်။

အဲ့လိုဘဲ သင်ဇာဝင့်ကျော်ကလဲ ယခုအခါမှာတော့ ရိုးအေးတဲ့ အနေအထားကနေ sexy မော်ဒယ်အဖြစ် အရမ်းလန်းတဲ့ သူတစ်ယောက်ပါ။ သင်ဇာဝင့်ကျော်လန်းနေပုံက တော့ တစ်ချိန်က မအေးသောင်းလန်းတယ် ဆိုတာထက်တောင် ပိုပြီးလန်းနေတာကိုတွေ့ရမှာပါ။

ယခုချိန်မှာတော့ သူတို့နှစ်ဦးလုံးဟာ အရမ်းကိုအောင်မြင်နေကြတဲ့သူတွေဖြစ်ပြီး နန်းဆန်တဲ့ မအေးသောင်းနဲ့ sexy မော်ဒယ် သင်ဇာဝင့်ကျော်တို့ အဖြစ်နဲ့ပေါ့။ မအေးသောင်းကတော့ တစ်ခေတ်ပြန်လည် သူမခေတ်ဖြစ်လာချိန်မှတော့ mntv ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသနေတဲ့ 'ရတနာပုံ' ဇာတ်လမ်းတွဲ ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ Myanmar Media 7 က ထပ်မံရိုက်ကူးမယ့် 'မင်္ဂလာရှိတဲ့အရပ်' ရုပ်သံဇာတ်လမ်းတွဲမှာလည်း ထပ်မံ ပါဝင်သရုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။

အဲ့ဒီနောက်ပရိသတ်တွေကြားထဲ နာမည်ကြီးလာတဲ့ မကြာဥ ဇာတ်ရုပ်ကတော့ အကယ်ဒမီ စာရင်းတောင်ဝင်ခဲ့ပါတယ်။ မအေးသောင်းက မကြာဥ ဇာတ်ရုပ်ကို “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိသတ်တွေရဲ့ အချစ်ကို ထပ်မံရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ သူမက ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကား တွများစွာရိုက်ကူးသွားဖို့လဲ ရှိနေပြီး ကြော်ငြာတွေလဲ ရိုက်ကူးလာခဲ့ရပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးမှု နည်းသွားပြီး အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ကြော်ငြာတွေ၊MV ရိုက်ကူးမှုတွေနဲ့ အတူ ပွဲတက်စတဲ့ အနုပညာလှုပ်ရှားမှုတွေကိုသာ လုပ်ဆောင်လာရပါတယ်။ နှစ်ဦးလုံးရဲ့ တူညီတဲ့ ထူးခြားချက်တွေကတော့ ယခုချိန်ထိ အိမ်ထောင်မကျသေးတဲ့ အပျိုကြီးတွေ ဖြစ်နေကြဆဲပါဘဲ။

ကယ်ပရိသတ်ကြီးရော ဘယ်လိုမြင်လဲဟင်….. ? ဖတ်ရှု့ပေးတဲ့ မိုမိုလေး ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။