သူမ လွယ်တဲ့အိတ်ကို အရူးလွယ်အိတ်လို့ အပြောခံရတာ စိတ်မကောင်းဘူးဆိုတဲ့ နေခြည်ဦး

Posted on - Aug 19 []

Moe Kalay

စာရေးသူ

ချောမောလှပပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ပိုင်ဆိုင်ထားတတဲ့ Beauty Blogger နေခြည်ဦး ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမရဲ့ ချစ်စရာအမူအယာလေးတွေနဲ့ စကားပြောရင် ဆွဲဆောင်မှုရှိရှိ ပြောတတ်တာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။ နေခြည်ဦးက ခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီး ၇ ကား ကို ရိုက်ကူး ထားတဲ့ သရုပ်ဆောင် မင်းသမီးလေးဆိုလည်း မမှားပါဘူး ။ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်တွေအတွက် နေခြည်ဦး က သူမလွယ်တဲ့အိတ်ကို ဝေဖန်တဲ့သူတွေကြောင့် စိတ်မကောင်းဘူးလို့ ပြောထားတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးက မြန်မာနိုင်ငံရဲ့ Hot အဖြစ်ဆုံးမင်းသမီးတွေထဲက တစ်ဦး ဆိုလည်းမမှားပါဘူး ။ သူမက အရမ်းခေတ်ဆန်တဲ့ဖက်ရှင်တွေနဲ့ နာမည်ကြီး သူလေးပါ။ ဒီတစ်ခါမှာတော့ နေခြည်ဦးက vivo ဆိုင်ဖွင့်ပွဲတက်ရောက်တုန်းက သူမလွယ်သွားတဲ့ $4700 မြန်မာငွေ သိန်း ၇၀ ကျော် တန်ဖိုးရှိတဲ့ Chanel Lambskin Two Tone Side Pack bag အိတ်ကို အရူးလွယ်အိတ်လို့ ဝေဖန်ခံဘိုက်ရတာကြောင့် စိတ်မကောင်းဘူးလို့ ခုလိုပြောထားပါတယ်။

နေခြည်ဦးက "မရှင်းပြချင်တော့ပါဘူး ဒါပေမယ့်....2019 Side-Packs တွေကိုမှ အရူးလွယ်အိတ်လို့အပြောခံရတာတော့ စိတ်မကောင်းဘူး 😑" ဆိုပြီးပြောထားပါတယ်။

နေခြည်ဦးက 7th Sense Creation မှ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကား ဖြစ်တဲ့ ဧည့်သည်၊ အခမ်းနားဆုံးမေတ္တာ တို့ကို ရိုက်ကူးထားပြီးပြီ ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး နေခြည်ဦးက 7th Sense Creation နဲ့ ပူးပေါင်းပြီး အနုပညာလှုပ်ရှားမှု များစွာလုပ်သွားဖို့ ရှိကြောင်းသိရပါတယ်။လက်ရှိမှာ အိပ်မက်တွေမိုးထားတဲ့ အိမ်ရုပ်သံဇာတ်လမ်းတွဲကို မိုရီဆာကီဝင်းတို့နဲ့အတူရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။

နေခြည်ဦးက သူမရဲ့ အိတ်ကိုဝေဖန်တဲ့သူတွေကြောင့်စိတ်မကောင်းဖြစ်နေတယ်ဆိုတဲ့ အကြောင်းကို ပရိသတ်တွေသိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;nay chi oo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။