တစ်ယောက်တည်းနဲ့ ပီအက်စ်ဂျီရဲ့စူပါစတားတွေကို အလဲထိုးနိုင်ခဲ့တဲ့ (၁၆) နှစ်သားလေးရဲ့အစွမ်း

Posted on - Aug 19 []

Gunner Ksr

စာရေးသူ

ပြင်သစ်လီဂူးပွဲစဉ်တွေဟာ ပွဲစဉ်(၂) အထိပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ပွဲစဉ် (၂) မှာတော့ ပရိသတ်တွေအားလုံး ထင်မှတ်မထားတဲ့ရလဒ်တစ်ခုထွက်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ ပြင်သစ်ဘီလူးကြီးပီအက်စ်ဂျီအသင်းဟာ ရိန်းနက်စ်အသင်းကို (၂-၁) ဂိုးနဲ့ အရေးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ အမ်ဘတ်ပီ၊ ဒီမာရီယာ၊ ဒရက်ဇ်လာ၊ ကာဗာနီ၊ ဗာရက်တီ အစရှိတဲ့ ကြယ်ပွင့်ကစားသမားတွေအားလုံး ပါဝင်ခဲ့ပေမယ့် ပီအက်စ်ဂျီဟ ရိန်းနက်စ်ကို မယှဉ်ပြိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရတာပါ။

ပွဲချိန် (၃၆) မိနစ်မှာ သွင်းယူခဲ့တဲ့ ကာဗာနီရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ရိန်းနက်စ်ရဲ့အားကောင်းလှတဲ့ တုံ့ပြန်အားကို တောင့်ခံထားနိုင်ခြင်းမရှိခဲ့ဘဲ ပွဲပြီးဆုံးချိန်မှာတော့ လက်မြှောက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ရိန်းနက်စ်အတွက် ခြေစွမ်းပြသွားသူကတော့ (၁၆) နှစ်ကွင်းလယ်လူကာမာဗင်ဂါပဲ ဖြစ်ပါတယ်။ ကာမာဗင်ဂါဟာ ရိန်းနက်စ်အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီဝက်ကမှ အသင်းကြီးမှာ စတင်ပွဲထွက်ခွင့်ရခဲ့သူပါ။

ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ ကာမာဗင်ဂါအနေနဲ့ ပွဲထွက်ကစားခွင့်ရခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကောင်းကို ထုတ်ပြသွားခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့နာမည်ကျော်စူပါစတားတွေကို ကာမာဗင်ဂါက ရဲရဲဝံ့ဝံ့နဲ့ ယှဉ်ပြိုင်တိုက်ခတ်နိုင်ခဲ့တယ်။ ပြောရရင် ကာမာဗင်ဂါဟာ စူပါစတားတွေထက်ပိုပြီး ထင်ပေါ်တောက်ပခဲ့ပါတယ်။

ပြင်သစ်မီဒီယာတွေကတော့ "ပီအက်စ်ဂျီရဲ့စူပါစတားတွေကို အလဲထိုးလိုက်တဲ့ (၁၆) နှစ်သားလေး"လို့ ခေါင်းစဉ်တပ်ကာ ချီးကျူးခဲ့ကြပါတယ်။ အဲဒီလိုစွမ်းဆောင်ရည်ကောင်းတွေကြောင့်လည်း ကာမာဗင်ဂါဟာ အကောင်းဆုံးကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီနဲ့ပွဲစဉ်က ကာမာဗင်ဂါရဲ့စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ရပါတယ်။

ပီအက်စ်ဂျီနဲ့ပွဲစဉ်က ကာမာဗင်ဂါရဲ့စွမ်းဆောင်ရည်

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။