စိတ်မချလို့ စာရွက်တွေ အိမ်အပြည့်ကပ်ပြီး မှာတမ်းခြွေခဲ့တဲ့ ဇနီးလေးကို ချစ်မဝဖြစ်နေတဲ့ ရွှေထူး

Posted on - Aug 19 []

Rowena

စာရေးသူ

ပရိသတ် အချစ်တော် ဇနီးမောင်နှံလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အိမ်ထောင်သက်တမ်း (၉) လ ကြာမြင့်သည့်တိုင် ကြင်စဦးဇနီးမောင်နှံလို တစ်ယောက်ကိုတစ်ယောက် ချစ်မဝဖြစ်နေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး ရိုမန့်တစ်ဆန်လွန်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကို ပိုလို့တောင် ချစ်လာတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေ ကိုယ်စီလုပ်ရင်း သာယာတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အသက် (၂၀) ကျော်နဲ့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လာခဲ့တဲ့ ရွှေမှုံရတီက သူမရဲ့ လင်ယောကျာ်းအပေါ်လည်း တော်တော်လေး သိတတ်လိမ္မာသူလေး ဖြစ်ပါတယ်။ ရွှေမှုံရတီက သူမ ရှုတင်မသွားခင်မှာ ခင်ပွန်းဖြစ်သူ ရွှေထူးအတွက် နံရံပေါ်မှာ Notes လေးတွေ ကပ်ပြီး စိတ်မချဖြစ်နေတာကို တွေ့ရပါတယ်။

စိတ်မချဖြစ်ပြီး စာတွေရေးပြီး တဖွဖွ မှာနေတဲ့ ဇနီးလေးကို ရွှေထူးကလည်း တော်တော်လေး အသည်းယားပြီး လွမ်းနေတာကို တွေ့ရပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေ အားကျရအောင် အရမ်း Ro တာပဲနော်။

ရွှေထူးကတော့ သူ့ထက် အသက်အများကြီးငယ်တဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားပြီးတဲ့နောက်မှာတော့ အရင်ကထက်တောင် အလုပ်တွေပိုပြီး ကြိုးစားလုပ်ကိုင်လာတာကို တွေ့ရပါတယ်။ ရွှေမှုံရတီကလည်း အိမ်ထောင်ကျပြီးကတည်းက ရုပ်ရှင်ရိုက်ကူးရေးတွေကို ရပ်နားထားရာမှ မကြာခင်မှာ "ဇိုးနဲ့မိုး" ရုပ်ရှင်ဇာတ်ကားကြီးကို မြင့်မြတ်၊ မိုးအောင်ရင်တို့နဲ့အတူတူ ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးကြင်နာမှုတွေနဲ့ နားလည်မှုရှိတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေနှစ်ရွှေကိုကြည့်ပြီါ် အားကျနေကြပြီ ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Shwe Htoo's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။