အသဲယားစရာကောင်းတဲ့အကလေးတွေနဲ့ ကြော်ငြာလေးတစ်ခုကို ရိုက်ကူးထားတဲ့ ဒေါင်း Video file

Posted on - Aug 19 []

Moe Kalay

စာရေးသူ

နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲ သရုပ်ဆောင် ဒေါင်း ဟာဆိုရင် ယောကျာ်းပီသလွန်းလှတဲ့ မျက်နှာ ညို့အားပြင်းလှတဲ့ သူ့ရဲ့ မျက်လုံးလေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ ချစ်ခင်အားပေးခြင်းကို ခံထားရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ဒေါင်းရဲ့ ကြော်ငြာvideo လေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒေါင်းက ရုပ်ရည်ချောမောသူတစ်ဦးဆိုပြီး နာမည်ကြီးသလို သရုပ်ဆောင်ပီပြင်လွန်းတာကြောင့်လည်း နာမည်ကြီးမင်းသားတစ်ဦးအဖြစ်စာရင်းဝင်လာသူပါ။ ဒေါင်းသရုပ်ဆောင် ရိုက်ကူးထားတဲ့ လိပ်ပြာစံအိမ်၊ ဒဏ္ဍါရီမိုး စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ပရိသတ်အားပေးမှုများစွာရရှိထားတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ဒေါင်း ရိုက်ကူးထားတဲ့ blue summer ကြော်ငြာ video လေးက လက်ရှိမှာ ပရိသတ်တွေကြားနာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ အသဲယားစရာကောင်းတဲ့ အကလေးတွေနဲ့ ဒေါင်း ရဲ့ အမူအယာလေးတွေက ကြည့်ရူသူ မိန်းကလေး ပရိသတ်တွေကို ရူးစေခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါင်း ရဲ့ Blue Summer အင်္ကျီကြော်ငြာ ရိုက်ကူးထားတဲ့ video file လေးကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

Blue Summer

သရုပ်ဆောင် ဒေါင်း ရဲ့ ကြော်ငြာ video file လေးကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;Blue Summer

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။