ချစ်သူရဲ့ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး ဒိတ်လုပ်နေတဲ့ Kris Wu ရဲ့ ဗီဒီယိုထွက်ပေါ်

Posted on - Aug 30 []

Mia Zin

စာရေးသူ

ယခု K-pop ကြိုက်ပရိသတ်တွေအကြားမှာ လူပြောမျာေးနတဲ့ သတင်းတစ်ပုဒ်ကတော့ EXO ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Kris Wu ရဲ့ ဒိတ်တင်းသတင်းပါပဲ။ ကောင်မလေးတစ်ယောက်နဲ့ လက်ချင်းတွဲပြီး လမ်းလျှောက်နေတဲ့ပုံရိပ်တွေ ထွက်ပေါ်လာပြီးနောက်မှာတော့ Kris Wu တစ်ယောက် ချစ်သူရသွားပြီဆိုတဲ့ သတင်းတွေထွက်ရှိလာတာဖြစ်ပြီး ဒီသတင်းက တကယ်ပဲဟုတ်မှန်သလား၊ ကောလဟာလသတင်းတစ်ခုလားဆိုတာကိုတော့ Kris Wu ရဲ့ အေဂျင်စီဘက်ကနေ မည်သည့်ဖြေရှင်းချက်မှ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Kris Wu ဟာ နာမည်ကြီးအနုပညာရှင်တစ်ယောက်ပီပီ ဒိတ်တင်းကောလဟာလတွေ ထွက်ရှိခဲ့ဖူးပေမယ့်လည်း အဲဒီအချိန်တုန်းက ထွက်ရှိခဲ့ဖူးတာက သတင်းသက်သက်သာဖြစ်ကာ ဒီတစ်ခါမှာတော့ ဓာတ်ပုံတွေပါထွက်ရှိလာခဲ့တာကြောင့် ပရိသတ်တွေအကြားမှာ အရင်ကထက်ပိုပြီး ပွဲဆူနေကြပါတယ်။

ထွက်ရှိလာတဲ့သတင်းတွေအရတော့ ထိုမိန်းကလေးဟာ အသက် ၂၁ အရွယ်ရှိ ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး Beijing Film Academy မှာ တက်ရောက်နေကာ သရုပ်ဆောင်တစ်ယောက်အဖြစ် ပွဲထွက်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Kris Wu ရဲ့ အသက်ကတော့ လက်ရှိမှာ (၂၈) နှစ်အရွယ်ရှိနေပြီဖြစ်တာကြောင့် သူတို့ ၂ ဦးရဲ့ အသက်ကွာဟမှုက ၇ နှစ်ဖြစ်ပါတယ်။

Kris Wu ရဲ့ ချစ်သူကောင်မလေးဆိုပြီး အွန်လိုင်းမှာပျံ့နှံ့နေတဲ့ မိန်းကလေးကတော့ ဘယ်သူ၊ ဘယ်ဝါရယ်လို့ နာမည်အတိအကျ ထွက်ရှိလာခြင်းမရှိသေးပေမယ့်လည်း မိန်းကလေးရဲ့ ပုံရိပ်တွေအပြင် ဗီဒီယိုဖိုင်ပါ ထွက်ရှိနေပြီ ဖြစ်ပါတယ်။

ချစ်သူရဲ့ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့ Kris Wu

EXO နဲ့ စတင်ပွဲထွက်ချိန်ကတည်းက ဒီနေ့အချိန်ထိတိုင်အောင် မည်သည့်မိန်းကလေးနဲ့မှ တရားဝင်စုံတွဲခုတ်တဲ့သတင်းမျိုး ထွက်ရှိလာခြင်းမရှိတဲ့ Kris Wu အနေနဲ့ ဒီတစ်ခေါက်ထွက်ရှိလာတဲ့သတင်းကို ဘယ်လိုမျိုးထုတ်ပြန်ကြေညာမယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါပဲ။

Ref : Allkpop
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။