One Direction အဖွဲ့​ရှေ့ဆက်​​ရေးအတွက်​ ဖွင့်​​ပြောလာခဲ့တဲ့ Harry Styles

Posted on - Sep 2 []

Shoonie JiJi

စာရေးသူ

နာမည်​ကြီးလူကြိုက်​များတဲ့ One Direction အဖွဲ့ဟာဆိုရင်​ ၂၀၁၆ ခုနှစ်​ကစလို့ ယ​နေ့ထက်​တိုင်​ အဖွဲ့လိုက်​လှုပ်​ရှားမှု​တွေရပ်​နားထားတာပဲဖြစ်​ပါတယ်​။ပရိသတ်​အများစုက​တော့ One Direction အဖွဲ့ကို ပရိသတ်​​တွေထံပြန်​လာဖို့ တကယ်​ပဲ​စောင့်​​မျှော်​​နေကြတာပါ။ဒီလို One Direction အဖွဲ့နဲ့ပတ်​သက်​ပြီး အနာဂတ်​ကို​တော့ အဖွဲ့ဝင်​ Harry Styles က Rolling Stone ရဲ့အင်​တာ​ဗျူးမှာ​ဖြေကြားသွားခဲ့ပါတယ်​။

Harry Styles ဟာဆိုရင်​​တော့ ၂၀၁၆ ခုနှစ်​မှာ One Direction အဖွဲ့အ​နေနဲ့ အဖွဲ့လိုက်​လှုပ်​ရှားမှု​တွေရပ်​နားလိုက်​စဉ်​ကစလို့ တစ်​ကိုယ်​​တော်​အဖြစ်​ဆက်​လက်​လှုပ်​ရှား​နေခဲ့​ပေမယ့်​ အဖွဲ့က​နေ​တော့ထွက်​ခွာမသွားခဲ့သူပဲဖြစ်​ပါတယ်​။ဒီလိုတစ်​ကိုယ်​​တော်​လှုပ်​ရှား​နေတဲ့ Harry ဟာ​တော့ စက်​တင်​ဘာလအတွက်​ Rolling Stone မဂ္ဂဇင်းအဖုံးအတွက်​အင်​​တာဗျူးမှာ လူအများသိချင်​​နေကြတဲ့အ​ဖြေကို​ဖြေ​ပေးသွားခဲ့ပါတယ်​။ဒါက​တော့ One Direction အဖွဲ့အ​နေနဲ့ ပရိသတ်​​တွေဆီတစ်​ဖန်​ပြန်​လည်​ထွက်​​ပေါ်လာနိုင်​မလားပဲဖြစ်​ပါတယ်​။

ဒီ​မေးခွန်းနဲ့ပတ်​သက်​ပြီး Harry ဟာ ဘယ်​အချိန်​ပြန်​လာမယ်​လို့တိတိကျကျအ​ဖြေမ​ပေးခဲ့​ပေမယ့်​လည်း အခုချိန်ဟာလည်း အဖွဲ့အတွက်​ပြန်​လည်​​ပေါင်းစည်းဖို့အချိန်​​ကောင်းမဟုတ်​​သေးဘူးလို့ဆိုထားတာပဲဖြစ်​ပါတယ်​။Harry အ​နေနဲ့ One Directions အဖွဲ့ဝင်​​တွေအ​နေနဲ့ အခုချိန်​ဟာကိုယ်​လုပ်​ချင်​တဲ့အရာ​တွေကို​သေချာအ​ကောင်​အထည်​​ဖော်​နိုင်​မယ့်​အချိန်​ဖြစ်​​ကြောင်းနဲ့ အရင်​လိုပြန်​လည်​ဖြစ်​လာရင်​​တော့ အရင်​နဲ့​တော့တူနိုင်​​တော့မယ်​မထင်​​ကြောင်းကိုပါ​ပြောပြသွားခဲ့ပါ​သေးတယ်​။

ဒါ့အပြင်​ Harry ဟာ One Directions အဖွဲ့ဝင်​​တွေအ​နေနဲ့ ၃ နှစ်​​ကျော်​မျှအတူတကွမ​ဖျော်​​ဖြေခဲ့ရ​ပေမယ့်​ အခုချိန်​ထိသူငယ်​ချင်း​တွေဖြစ်​​နေ​ကြောင်းကိုပါ​ပြောပြသွားခဲ့ပါတယ်​။သူတို့အားလုံးဟာ ၂၀၁၀ ခုနှစ်​ The X Factor ကတည်းက အတူတူရုန်းကန်​​ကျော်​ဖြတ်​လာရတဲ့သံ​ယောဇဉ်​​တွေကျန်​ရှိ​နေကြတုန်းပါပဲတဲ့။

Harry ဟာလက်​ရှိမှာ ကိုယ်​ပိုင်​ဂီတ​တွေနဲ့အတူ တစ်​ကိုယ်​​တော်​လှုပ်​ရှား​နေရတဲ့အ​ပေါ်​ပျော်​ရွှင်​မိ​ပေမယ့်​ One Direction အဖွဲ့အ​နေနဲ့အတူရှိခဲ့တဲ့အချိန်​​တွေကိုလည်း ဘယ်​​တော့မှ​နောင်​တမရပါဘူးဆိုတဲ့အ​ကြောင်းကို ပြောကြားသွားခဲ့တာပဲဖြစ်​ပါတယ်​။One Direction အဖွဲ့ အမြန်​ဆုံးပရိသတ်​​တွေဆီတစ်​ဖန်​ပြန်​​လည်​ထွက်​​ပေါ်လာမယ်​ဆိုရင်​​တော့ အရမ်းကို​ကောင်းမှာပါပဲ​နော်​။ဘယ်​သူမဆိုသူတို့အဖွဲ့နဲ့သီချင်း​လေး​တွေကို လွမ်းမိ​ကြမှာ​တော့အမှန်​ပါပဲ...။

winkie
Ref:HollywoodLife

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။