ကိုရီးယားမလေးတွေ သည်းသည်းလှုပ်ကြိုက်နှစ်သက်ကြတဲ့ ဂျပန်လူမျိုးသရုပ်ဆောင် (၁၀) ဦး

Posted on - Sep 2 []

Mia Zin

စာရေးသူ

မိန်းကလေးတိုင်းမှာ သူတို့တွေ လိုချင်တဲ့ချစ်ကောင်လေးရဲ့ ပုံစံတွေဆိုတာရှိပါတယ်။ ရုပ်ချောရမယ်၊ ကြည့်ကောင်းရမယ်၊ ဆွဲဆောင်မှုရှိရမယ်၊ နူးညံ့ရမယ် အစရှိသဖြင့်ဆိုတာမျိုးပေါ့။ အခုတင်ဆက်ဖော်ပြပေးချင်တာကတော့ ဂျပန်မဂ္ဂဇင်းတစ်ခုကနေ ကိုရီးယာအမျိုးသမီး အယောက် ၁ သောင်းကျော်ဆီမှာ စစ်တမ်းကောက်ယူထားပြီး ရရှိလာတဲ့ အကြိုက်ဆုံးသော ဂျပန်လူမျိုးသရုပ်ဆောင်ပဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ကိုရီးယာမလေးတွေ ကြိုက်နှစ်သက်ကြတဲ့ ဂျပန်လူမျိုးသရုပ်ဆောင် (၁၀) ယောက်က ဘယ်လိုပုံစံမျိုးတွေလဲ၊ ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Takeuchi Ryoma

အရပ်ခပ်မြင့်မြင့်နဲ့ ကြည့်ကောင်းချောမောတဲ့ မင်းသား Takeuchi Ryoma ကတော့ ဖက်ရှက်မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းကျတော့မှ သရုပ်ဆောင်အဖြစ်နဲ့ ပွဲထွက်လာခဲ့သူ ဖြစ်ပါတယ်။

2. Yoshizawa Ryo

စစ်တမ်းကောက်ယူမှုရဲ့ ရလဒ်မှာ ဒုတိယနေရာကနေ ရပ်တည်နေသူ မင်းသားကတော့ Yoshizawa Ryo ဖြစ်ပြီး သူကတော့ ဂျပန်ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ပါတယ်။

3. Yamazaki Kento

ကြည့်ကောင်းချောမောလှတဲ့ ရုပ်ရည်ကြောင့် အနုပညာလောကထဲကို ၀င်ရောက်ဖို့အတွက် လမ်းမအပေါ်မှာ ရုတ်တရက်ကမ်းလှမ်းခံခဲ့ရသူ မင်းသား Yamazaki Kento ကတော့ စတင်ပွဲထွက်ချိန်ကတည်းက လူကြိုက်များတဲ့ သရုပ်ဆောင်အဖြစ်နဲ့ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ Idol တစ်ယောက်လိုမျိုး နူးညံ့တဲ့ရုပ်ရည်မျိုးရှိတာကြောင့် ကိုရီးယားမလေးတွေ သဘောကျလည်းကျချင်စရာပါပဲနော်။

4. Kubota Masataka

ဂျပန်နိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Kubota Masataka ဟာဆိုရင်လည်း သူ့ရဲ့ ကြည့်ကောင်းတဲ့ရုပ်ရည်ကြောင့်သာမက ပြောင်မြောက်တဲ့သရုပ်ဆောင်စွမ်းရည်ကြောင့်ပါ ဂျပန်တစ်နိုင်ငံလုံးရဲ့ အကြိုက်ဆုံးမင်းသားတစ်လက်အဖြစ်နဲ့ ရပ်တည်နေသူဖြစ်ပါတယ်။

5. Jun Shison

Jun Shison ကတော့ သူ့ရဲ့ လှပတဲ့မျက်ဝန်းနဲ့ ချစ်စရာကောင်းတဲ့ ရုပ်ရည်ကြောင့် မမတွေရဲ့ မောင်လေးအဖြစ်နဲ့ မကြာခဏဆိုသလို အရွေးချယ်ခံရသူမင်းသားဖြစ်ပါတယ်။ Tramps Like Us ဆိုတဲ့ ဇာတ်လမ်းတွဲထဲက သူ့ရဲ့ ဇာတ်ကောင်ဟာဆိုရင် အတော်လေးကို နာမည်ကြီးခဲ့ဖူးပြီး ပရိသတ်တွေကတော့ အတူတွဲဖက်သရုပ်ဆောင်တဲ့ မင်းသမီးထက်တောင်မှ သူက ပိုပြီးလှနေတယ်လို့ ဆိုကြပါတယ်။

6. Chiba Yudai

ကိုယ်ပိုင်ဘလော့ခ်ကနေတဆင့် လူသိများလာတဲ့ Chiba Yudai ဟာဆိုရင်လည်း ငယ်ရွယ်ပြီးကြည့်ကောင်းတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါပေမယ့်လည်း အသက် ၂၀ ကျော် ကျောင်းသားတစ်ယောက်လို့ပဲ ထင်မှတ်ရတဲ့ သူ့ရဲ့ အသက်ဟာ တကယ်တမ်းမှာတော့ ၃၀ ရှိနေပြီ ဖြစ်ပါတယ်။

7. Okada Masaki

ဂျပန်မှာသာမကပဲ ကိုရီးယားမှာပါ အောင်မြင်မှုတွေ ရရှိနေတဲ့ ဂျပန်လူမျိုးသရုပ်ဆောင်ကတော့ Okada Masaki ပဲ ဖြစ်ပါတယ်။

8. Suda Masaki

Suda Masaki ကတော့ သရုပ်ဆောင်လည်းဖြစ်သလို ပန်းချီပညာရှင်တစ်ယောက်လည်း ဖြစ်ပြီး ဂျပန်လူမျိုး ဆယ်ကျော်သက်တွေအကြားမှာ နာမည်ကြီးသူ ဖြစ်ပါတယ်။

9. Sota Fukushi

Sota Fukushi ကတော့ EXO အဖွဲ့ဝင် Kai နဲ့ မင်းသား Lee Min Ho တို့နဲ့တူတယ်ဆိုပြီး ကိုရီးယားမှာ လူသိများတဲ့ ဂျပန်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ တကယ်ပဲ တူလား၊ မတူလားဆိုတာကတော့ ပရိသတ်တွေ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြည့်လိုက်ကြပါဦး။

10. Sakaguchi Kentaro

မင်းသား Sakaguchi Kentaro ကတော့ ကိုရီးယားမင်းသား Seo Kang Joon နဲ့ ရုပ်ချင်းတူတယ်ဆိုပြီး ကိုရီးယားမှာ နာမည်ကြီးတဲ့မင်းသားတစ်ယောက် ဖြစ်ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။