က​လေး​စောင့်​​ရှောက်​ပိုင်ခွင့် ၃၀ ရာခိုင်နူန်းပဲရရှိတော့တဲ့ အဆိုတော် Britney Spears

Posted on - Sep 4 []

Shoonie JiJi

စာရေးသူ

Britney Spears နဲ့ Kevin Federline တို့နှစ်​ဦးဟာ လတ်​တ​လောမှာပဲ တရားခွင်​ကတစ်​ဆင့်​ က​လေး​စောင့်​​ရှောက်​ပိုင်​ခွင့်​ကို တရားဝင်​အ​ပြောင်းအလဲလုပ်​လိုက်​ကြပြီပဲဖြစ်​ပါတယ်​။ ၂၀၁၇ ခုနှစ်မှာကွာရှင်းပြတ်ဆဲခဲ့ကြပြီး ယခင်​က နှစ်​ဦးလုံးဟာ သူတို့ရဲ့သား​လေးနှစ်​​ယောက်​ကို တစ်​၀က်​စီ​စောင့်​​ရှောက်​ပိုင်​ခွင့်​ရထားခဲ့ကြတာပဲဖြစ်​ပါတယ်​။

သတင်း​တွေအရ​တော့ ​စောင့်​​ရှောက်​ပိုင်​ခွင့်​အသစ်​မှာ Kevin ဘက်​က က​လေးနှစ်​​ယောက်​ကို ၇၀ ရာခိုင်​နှုန်း​စောင့်​​ရှောက်​ခွင့်​ရခဲ့ပြီး Britney ဘက်​က​တော့ ၃၀ ရာခိုင်​နှုန်းသာရရှိ​တော့မှာဖြစ်​ပါတယ်​။တကယ်​​တော့ဒီသ​ဘောတူညီမှုဟာ ၂၀၁၈ ခုနှစ်​သြဂုတ်​လကတည်းကပြုလုပ်​​နေခဲ့ကြ​ပေမယ့်​ အခုမှတရားဝင်​စာရွက်​စာတမ်းနဲ့တကွအတည်​ပြုခဲ့ကြတာပါ။

ဒီသ​ဘောတူညီချက်​အသစ်​မှာ က​လေးနှစ်​​ယောက်​ကို​စောင့်​​ရှောက်​ရမယ့်​ Britney ရဲ့ ၃၀ ရာခိုင်​နှုန်းက​တောင်​​သေချာမှုသိပ်​မရှိပါဘူးတဲ့။အ​ကြောင်းက​တော့ Britney ဟာ စိတ်​ကျန်းမာ​ရေးပြသာနာအနည်းငယ်​ရှိ​နေခဲ့တာဖြစ်​ပြီး ဒီလိုဖြစ်​​နေတာက​တော့ ၂၀၀၇ ခုနှစ်​ကတည်းကစတင်​​နေခဲ့တာပဲလည်းဖြစ်​ပါတယ်​။

Britney ဟာ စိတ်​ကျန်းမာ​ရေးအတွက်​ နှစ်​အနည်းငယ်​ကြာသည့်​တိုင်​လုံးပန်း​နေရတာလည်းဖြစ်​ပါတယ်​။ဆေး​တွေလည်း​သောက်​​နေခဲ့​ပေမယ့်​ ထူးထူးခြားခြားသက်​သာလာခြင်းမရှိဘူးလို့လည်း ဆရာဝန်​​တွေက​ပြောခဲ့ကြပါတယ်​။Britney ဟာ အခုထိလည်းလူ​ရှေ့ကို​တော်​ရုံထွက်​လာမပြခဲ့သလို ပြန်​လည်​သက်​သာ​အောင်​ကြိုးစား​နေရတဲ့အတွက်​ သူမရဲ့အနုပညာအလုပ်​​တွေကိုပါ ရပ်​နားထားရတာပဲဖြစ်​ပါတယ်​။

Britney ဟာ အမေရိကန်အဆိုတော် သရုပ်ဆောင် မော်ဒယ်အဖြစ်ပါရပ်တည်ခဲ့တာဖြစ်ပြီး အသက် ၃၇ နှစ်သာရှိသေးတာဖြစ်ပါတယ်။Britney ရဲ့ဖခင်ဟာ Britney သားဖြစ်သူကို နှိပ်စက်ညင်းပန်းမှုနဲ့အဖမ်းဆီးခံထားရတဲ့ပြသနာတွေကလည်းဖြစ်နေပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမိသားစုပြသနာတွေခံစားရတာကြောင့် စိတ်ဒဏ်ရာခံစားနေရတဲ့ Britney တစ်ယောက် အမြန်ဆုံးအဆင်ပြေပြီးအနုပညာလောကထဲအမြန်ပြန်လာနိုင်ပါစေနော်။

winkie
Ref: Tmz new

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။