မန္တလေးက Food Box မှာ စားစရာတွေအပြည့်ဖြည့်ပြီး လှူဒါန်းခဲ့တဲ့ Sinon Loresca

Posted on - Sep 4 []

Rowena

စာရေးသူ

တစ်နိုင်ငံလုံးက ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ ဖိလစ်ပိုင် LGBT Model Sinon Loresca က မြန်မာနိုင်ငံက အထင်ကရနေရာတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမှာ ပျော်ပျော်ပါးပါး လျှောက်လည်နေတာ ဖြစ်ပါတယ်။ Sinon Loresca က လည်ပတ်ရင်းနဲ့ မြန်မာပြည်သူ ပြည်သားတွေအတွက် ကောင်းမှုကုသိုလ်တွေကို သူတတ်နိုင်သလောက်လေး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Sinon Loresca က ဒီနေ့မှာတော့ မန္တလေးမြို့က ၆၆လမ်း၊ ၂၂လမ်းနှင့် ၂၃လားကြား ကျုံးအရှေ့ဘက်မှာ ရှိတဲ့ Food Box မှာ စားစရာ၊ သောက်စရာတွေ ဖြည့်တင်း လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

Sinon Loresca ကတော့ သူတတ်နိုင်တဲ့ အင်အားလေးနဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း Sinon Loresca က မန္တလေးမြို့က ကလေးဆေးရုံမှာ စားစရာတွေ လှူဒါန်းခဲ့ပါသေးတယ်။

Sinon Loresca က အသက် (၃၁) နှစ်အရွယ် ဖိလစ်ပိုင်လူမျိုး Catwalk Model တစ်ဦးဖြစ်ပြီး King Of Catwalk လို့ တင်စားရလောက်တဲ့ထိအောင် ကမ္ဘာအနှံ့မှာ ကျော်ကြားအောင်မြင်သူ တစ်ဦး ဖြစ်ပါတယ်။

Sinon Loresca ရဲ့ ကုသိုလ်လေးကတော့ ပရိသတ်တွေကြား တော်တော်လေး လူပြောများနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးလည်း Sinon Loresca ရဲ့ မွန်မြတ်လှတဲ့ အလှူလေးအတွက် သာဓုခေါ်ပေးကြပါဦးနော်။

Rowena
Source: Sinon Loresca

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။