Idol တွေဆီက ဂရုစိုက်မှုကိုလိုချင်ကြတဲ့ ပရိသတ်တွေ ပစ်ပေါက်လေ့ရှိတဲ့ ပစ္စည်း (၈) မျိုး
Mia Zin
စာရေးသူ
ပရိသတ်တွေအားလုံးနီးပါးဟာ မိမိကြိုက်နှစ်သက်အားပေးတဲ့ အနုပညာရှင်တစ်ယောက်၊ Idol တစ်ယောက်ဆီကနေ အာရုံစိုက်ခံရမှု၊ ဂရုစိုက်ခံရမှုကို လိုချင်ကြတဲ့လူတွေချည်းပါပဲ။ တချို့သောပရိသတ်တွေဆိုရင် နည်းလမ်းမျိုးစုံကို အသုံးပြုပြီး Idol တွေဆီက အာရုံစိုက်မှုရရှိအောင် ကြိုးစားကြပါတယ်။ ဒီလိုမျိုးသောနည်းလမ်းတွေထဲမှာမှ စင်ပေါ်မှာဖျော်ဖြေတင်ဆက်နေတဲ့ Idol ဆီကို ပစ္စည်းတွေမျိုးစုံနဲ့ အဝေးကနေလှမ်းပစ်ပေါက်တာပါပဲ။ ပစ္စည်းတွေနဲ့ ပစ်ပေါက်တယ်ဆိုတာက သိပ်ပြီးတော့မထူးဆန်းဘူးဆိုပေမယ့်လည်း တစ်ခါတစ်လေမှာ ထိုပစ်ပေါက်လိုက်တဲ့ပစ္စည်းတွေကြောင့် Idol တွေအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ယုံသာမက ကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာတွေရရှိကြပါတယ်။ ဒီလိုဆိုရင် Idol တွေဆီက ဂရုစိုက်မှုကိုလိုချင်ကြတဲ့ ပရိသတ်တွေ ပစ်ပေါက်လေ့ရှိတဲ့ ပစ္စည်းတွေက ဘယ်လိုမျိုးသောပစ္စည်းတွေဖြစ်မလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။
1. မွှေးပွအရုပ်တွေ

မွှေးပွအရုပ်တွေနဲ့ ပစ်ပေါက်ခြင်းက သိပ်ပြီးတော့ အန္တရာယ်မများဘူးဆိုပေမယ့်လည်း တစ်ခါတစ်လေမှာတော့ အရှိန်နဲ့ပစ်လိုက်တာကြောင့် idol ရဲ့ မျက်နှာ (သို့မဟုတ်) မျက်လုံးတွေကို ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။
2. အတွင်းခံဘရာ

Idol တွေကို အတွင်းခံဘရာတွေနဲ့ စင်အောက်ကနေလှမ်းပေါက်တာက အာရှနိုင်ငံတွေမှာမရှိသော်လည်း အနောက်နိုင်ငံတွေအတော်များများမှာတော့ ရှိပါတယ်။ ဒီလိုမျိုး အတွင်းခံတွေ၊ ဘရာတွေနဲ့ ပစ်ပေါက်တာက Idol တွေ ခဏတဖြုတ်နားပြီး ပရိသတ်တွေနဲ့ စကားပြောနေချိန်မှာတော့ သိပ်ပြီးတော့ အန္တရာယ်မရှိပေမယ့် ကခုန်နေတဲ့အချိန်မှာ ပစ်ပေါက်မယ်ဆိုရင်တော့ ဒါတွေဟာ idol တွေကို အခန့်မသင့်ရင် ချော်လဲစေနိုင်တဲ့အရာမျိုးတွေ ဖြစ်ပါတယ်။
3. ပန်း

ပန်းတွေနဲ့ ပစ်ပေါက်တာကလည်း သိပ်တော့မထူးဆန်းပေမယ့် အဝေးကနေတော့ အရှိန်နဲ့လှမ်းပစ်လိုက်မယ်ဆိုရင် Idol တွေကို ထိခိုက်ဒဏ်ရာကြီးကြီးမားမားရစေနိုင်တဲ့အရာမျိုးတွေ ဖြစ်ပါတယ်။
4. ယပ်တောင်များ

ယပ်တောင်စောင်းနဲ့ မတော်တဆရိုက်ခတ်မိရင်တောင် အသည်းခိုက်အောင်နာကျင်တယ်ဆိုရင် အရှိန်နဲ့ပစ်လိုက်တဲ့အခါမှာ ဘယ်လောက်တောင်များ နာကျင်မလဲဆိုတာ တွေးကြည့်စရာတောင်မလိုပါဘူးနော်။
5. ရေဘူး

ရေဘူးတွေ၊ အထူးသဖြင့် ရေဖြည့်ထားတဲ့ရေဘူးတွေနဲ့ ပစ်ပေါက်လိုက်တဲ့အရှိန်ဟာဆိုရင်လည်း အတော်လေးကို အန္တရာယ်များလွန်းလှပါတယ်။ ဒါကြောင့် Concert တွေမှာ ရေဘူးကို ယူဆောင်ခွင့်မပြုထားတာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ရရင်ရသလို ရေပါဝင်တဲ့ရေဘူးတွေနဲ့ Idol တွေဆီကို ပစ်ပေါက်တဲ့သူတွေကလည်းရှိနေဆဲပါ။
6. ဖန်ပုလင်း

ဒီပစ္စည်းရဲ့ အန္တရာယ်များမှုကတော့ စာဖွဲ့နေစရာတောင်မလိုပါဘူး။ ကွဲတတ်တဲ့ဖန်ရဲ့ သဘာဝနဲ့ အဝေးကနေ လှမ်းပစ်လိုက်တဲ့အရှိန်ပေါင်းစပ်လိုက်မယ်ဆိုရင် idol အတွက် ဘယ်လောက်တောင်များ ထိခိုက်စေမလဲဆိုတာ တွေးတောင်မတွေးကြည့်ရဲတဲ့အရာပါပဲ။
7. ဖုန်း

ဟန်းဖုန်းတွေ ပေါများလာတဲ့ခေတ်မှာ Idol တွေဆီကို ဖုန်းနဲ့ပစ်ပေါက်တာကလည်း ထုံးစံတစ်ခုပါပဲ။ ဖုန်းဆိုတာမျိုးက သိပ်ပြီးတော့အလေးချိန်မရှိတဲ့ အရာပစ္စည်းဆိုပေမယ့်လည်း ဖုန်းရဲ့ ထောင့်စွန်းတွေနဲ့ ထိမိခိုက်မိရင်တော့ အတော်လေးကိုနာကျင်ပြီး အန္တရယ်များလှပါတယ်။
8. LED Board

ဒီပစ္စည်းကတော့ လုံးဝကို ကြောက်စရာကောင်းတဲ့ ပစ္စည်းမျိုးပါပဲ။ ပရိသတ်တွေဟာ ပွဲကျင်းပရာနေရာကို Idol တွေရဲ့ နာမည်ရေးသားထားတဲ့ LED Board တွေယူဆောင်လာလေ့ရှိပါတယ်။ အလေးချိန်လည်းရှိ၊ အရွယ်အစားလည်းကြီြး့ပီး ထောင့်စွန်းတွေလည်းပါတဲ့ ဒီလိုပစ္စည်းမျိုးနဲ့ ပစ်ပေါက်ခံရမယ်ဆိုရင်တော့ မသေသွားတာ ကံကောင်းတယ်လို့တောင် ဆိုရမလိုလိုပါပဲနော်။
Ref : Koreaboo
Mia (Momolay)
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပရိသတ်တွေ တောင်းဆိုကြလို့ 'စိုးစန္ဒာ'လို Style နဲ့ သီချင်းသီဆို ဖျော်ဖြေခဲ့တဲ့ ခြူးလေး
Dec 14 2019 (0 views)

December အားလပ်ရက်လေးမှာ အားလုံးပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်တဲ့ အိန္ဒြာကျော်ဇင်
Dec 14 2019 (0 views)

စွဲမက်ဖွယ် အလှတရားတွေ ပေါ်လွင်နေတဲ့ လုလုအောင်ရဲ့ အသည်းယားဖွယ် ပုံရိပ်တွေ
Dec 14 2019 (0 views)

ပရိသတ်တွေထင်မထားတဲ့ နာမည်ကြီး Cele တွေဖြစ်နေတဲ့ သီးမွှေးနဲ့ ဖိုးဝ
Dec 14 2019 (0 views)

ပုပ္ပါးမြေက စကားဝါပန်းလေးတွေနဲ့အပြိုင် ယဉ်စစလှနေတဲ့ အေးဝတ်ရည်သောင်း
Dec 14 2019 (17 views)

ပရိသတ်တွေ လုံးဝမမှတ်မိနိုင်လောက်တဲ့ ဇာတ်ရုပ်နဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်နေတဲ့ မိတ်ကပ် လင်းလင်း
Dec 12 2019 (35780 views)

ညီအမတွေအလား အထင်မှားရလောက်တဲ့ ယွန်းယွန်းတို့ သားအမိ
Dec 13 2019 (17935 views)

သူမမွေးနေ့အတွက် Europe ကနေ မြန်မာပြည်ကို ချက်ချင်းရောက်လာတဲ့ ချစ်သူကြောင့် ပျော်နေတဲ့ ပတ်ထရစ်ရှာ
Dec 14 2019 (3511 views)