င်္သဃာတော်တွေနဲ့ ကျောင်းသားတွေကို လိုအပ်တာတွေ ဖြည့်စည်းလှူဒါန်းခဲ့တဲ့ Sinon Loresca

Posted on - Sep 4 []

Rowena

စာရေးသူ

မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိလာပြီး ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Sinon Loresca က လတ်တလောမှာ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ Sinon Loresca က သူ့ရဲ့ အမိုက်စား Catwalk လျှောက်နည်းတွေ၊ ဟာသဗီဒီယိုတွေကြောင့် မြန်မာပရီသတ်တွေရဲ့ ရင်းနှီးခဲ့တာတော့ ကြာပါပြီ။ အခု Sinon Loresca မြန်မာပြည်ကို ရောက်ရှိလာချိန်မှာလည်း ပရိသတ်တွေက နွေးထွေးစွာ ကြိုဆိုခဲ့ရတာကို တွေ့ရပါတယ်။

Sinon Loresca က ရန်ကုန်နဲ့ မန္တလေးမြို့တွေကို လည်ပတ်ခဲ့ပြီး အလှူအတန်းတွေ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း Sinon Loresca က Food Box မှာ အများပြည်သူ စားသုံးနိုင်ရန် လှူဒါန်းခြင်း၊ ဘုန်းတော်ကြီးကျောင်းအတွက် ဆန်၊ဆီ၊ဆား စတာတွေကို လှူဒါန်းခြင်း တို့ကို ပြုလုပ်ခဲ့ပါတယ်။

အခုလည်း Sinon Loresca က နွမ်းပါးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းသုံး ကျောပိုးလွယ်အိတ်တွေကို လှူဒါန်းခဲ့ပြီး ကိုရင်ပေါက်စလေးတွေကိုလည်း အရုပ်တွေ၊ စားစရာတွေ လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

မိုမိုလေးပရိသတ်တွေ ပီတိဖြစ်ရအောင် Sinon Loresca ရဲ့ အလှူလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Sinon Loresca ကတော့ ဖြူစင်တဲ့ စိတ်ထားနဲ့ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်လေးမို့ ပရိသတ်တွေက ချစ်နေရတာပဲ ဖြစ်ပါတယ်။ Sinon Loresca က ဘယ်လောက်တောင် အလှူအတန်း ရက်ရောလဲဆိုရင် သူ့အစ်မဖြစ်သူကိုတောင် ကျောက်ကပ်တစ်ခြမ်းလှူထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Sinon Loresca ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြပါဦးနော်။

Rowena
Source: Sinon Loresca

Sinon Loresca ကတော့ ဖြူစင်တဲ့ စိတ်ထားနဲ့ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်လေးမို့ ပရိသတ်တွေက ချစ်နေရတာပဲ ဖြစ်ပါတယ်။ Sinon Loresca က ဘယ်လောက်တောင် အလှူအတန်း ရက်ရောလဲဆိုရင် သူ့အစ်မဖြစ်သူကိုတောင် ကျောက်ကပ်တစ်ခြမ်းလှူထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Sinon Loresca ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြပါဦးနော်။

Rowena
Source: Sinon Loresca

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။