နိုင်ငံခြားသားခရီးသွားတွေအတွက် မြန်မာနိုင်ငံကလည်ပတ်လို့ကောင်းတဲ့နေရာအဖြစ် သိစေခဲ့တဲ့ Sinon Loresca

Posted on - Sep 4 []

Rowena

စာရေးသူ

အခုလက်ရှိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဖိလစ်ပိုင် LGBT Model Sinon Loresca ကို အားလုံးက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ Sinon Loresca က မန္တလေးမြို့မှာကျင်းပတဲ့ Miss Earth Myanmar ပွဲကို တက်ရောက်ဖို့လာရင်း မြန်မာနိုင်ငံက အထင်ကရနေရာတွေကို လှည့်လည် လှည်ပတ်ခဲ့တာဖြစ်ပါတယ်။ Sinon က မြန်မာနိုင်ငံမှာလည်း သူ့ရဲ့ နာမည်ကြီး Catwalk လျှောက်တဲ့ ဗီဒီယိုတွေကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။

Sinon Loresca က မြန်မာနိုင်ငံမှာ လိုအပ်တဲ့နေရာတွေအတွက် သူတတ်နိုင်သလောက် အလှူလေးတွေကို ပြုလုပ်ခဲ့ပါတယ်။ Sinon ရဲ့ ဖြူစင်နွေးထွေးလှတဲ့ စိတ်ထားလေးကြောင့် မြန်မာနိုင်ငံသားတွေက သဘောကျ ချစ်ခင်နေရတာ ဖြစ်ပါတယ်။

Sinon Loresca က Gay တစ်ယောက်ဖြစ်တာကြောင့် အချို့က မကြိုက်ကြဘူးဆိုပေမယ့် Sinon ကြောင့် မြန်မာနိုင်ငံရဲ့ ပုံရိပ်တွေက သိသိသာသာမြင့်တက်လာတာကို တွေ့ရပါတယ်။

Sinon Loresca က အင်စတာဂရမ်မှာ Follower ၄ သိန်း ၇ သောင်း ၁ ထောင်ကျော်ပိုင်ဆိုင်ထားတာဖြစ်ပြီး မြန်မာပြည်မှာ ပျော်ပျော်ရွှင်ရွှင် လည်ပတ်နေတဲ့ သူ့ရဲ့ ပုံရိပ်တွေကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ သူ့ပရိသတ်တွေက မြန်မာပြည်ကို လူသိများလာခဲ့ပါတယ်။

အရင်က နိုင်ငံခြားသားတွေက မြန်မာနိုင်ငံကို လာလည်ချင်ပေမယ့် နေရာတော်တော်များများက စစ်ဖြစ်နေပြီး မလုံခြုံဘူးလို့ ထင်မှတ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် Sinon ကတော့ မြန်မာနိုင်ငံမှာ ပျော်ရွှင်စွာ လည်ပတ်နေတာကြောင့် မြန်မာနိုင်ငံက ဖော်ရွေပြီး လည်ပတ်လို့ကောင်းမယ့် နိုင်ငံတစ်နိုင်ငံလို့ မြင်လာကြတာ ဖြစ်ပါတယ်။

Sinon Loresca ကတော့ သူ့အတွက် ဘာအကျိုးအမြတ်မှမရပဲနဲ့ သူ့ရဲ့ image ကိုသုံးပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်ကို မြှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုဆို Sinon ကို အရင်ကထက် ပိုပြီးတော့တောင် ချစ်ကြမယ်လိမ့်မယ်လို့ ထင်ပါတယ်နော်။

Rowena
Ref: Travel by Thu Ta

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။