အနုပညာနယ်ပယ်ကနေ အနားယူတော့မှာဖြစ်တယ်လို့ အသိပေးလိုက်တဲ့ အဆိုတော် Nicki Minaj

Posted on - Sep 6 []

Shoonie JiJi

စာရေးသူ

နာမည်​ကြီးအဆိုတော်​ Nicki Minaj ဟာဆိုရင်​​တော့ စက်​တင်​ဘာလ ၅ ရက်​​နေ့ ည​နေပိုင်းမှာ သူမရဲ့တွစ်​တာအ​ကောင့်​က​နေတစ်​ဆင့်​ ဂီတ​လောကကအနားယူ​တော့မယ့်​အ​ကြောင်းကိုတင်​ခဲ့တာပဲဖြစ်​ပါတယ်​။ဒီလိုရုတ်​တရက်​ကြီး​ကြေညာခဲ့တဲ့အ​တွက်​ ပရိသတ်​​တွေအပြင်​အခြား​သောအနုပညာရှင်​​တွေပါ အလန့်​တကြားဖြစ်​ခဲ့ရပါတယ်​။

Nicki Minaj ဟာ​ မိသားစုကိုဦးစား​ပေးဖို့အတွက်​နဲ့မိခင်တစ်ယောက်ဖြစ်ဖို့အဆင်သင့်ဖြစ်နေတဲ့အတွက်ကြောင့် ဒီလိုအနားယူဖို့ဆုံးဖြတ်​ခဲ့တယ်​လို့ဆိုထားတာလည်းဖြစ်​ပါတယ်​။ပရိသတ်​အများစုက​တော့ လတ်​တ​လောကမှလက်​ထပ်​မှတ်​ပုံတင်​တင်​ထားခဲ့တဲ့ Nicki ရဲ့ရည်းစားဖြစ်​သူ Kenneth Petty နဲ့မိသားစုဘ၀တည်​​ထောင်​​တော့မှာဖြစ်​​​လို့ အနားယူလိုက်​တာဖြစ်​​ကြောင်း​တွေကိုလည်း ထင်​​ကြေး​ပေးလို့​နေကြပါ​သေးတယ်​။Nicki တစ်ယောက် ကလေးများယူဖြစ်တော့မလားဆိုတာတော့ သတင်းကောင်းကိုစောင့်ကြည့်ရမှာပေါ့နော်။

Nicki ဟာ လတ်​တ​လောမှာတင်​ Megan Three Stallion နဲ့အတူ "Hot Girl Summer" ကိုအတူသီဆိုပေးခဲ့သလို အယ်​လ်​ဘမ်​အသစ်​ထွက်​ရှိဖို့ကိုလည်း တစွန်းတစချပြ​နေတာဖြစ်​တဲ့အတွက်​ ဒီလို​ကြေညာလိုက်​ခြင်းက တကယ်​ကိုပဲရုတ်​တရက်​ဆန်​လွန်းလှပါတယ်​။ဒီဂျေ Paul အ​နေနဲ့က​တော့ ဒါဟာ Nicki အတွက်​ခဏတာအနားယူခြင်းသာဖြစ်​မယ်​လို့ခန့်မှန်းချက်ပြုထားပါတယ်။

Nicki Minaj ဟာဆိုရင်​​တော့ အရမ်းကို​အောင်​မြင်​ပြီး သူမရဲ့အယ်​လ်​ဘမ်​​တွေသန်း ၁၀၀ ထိ​ရောင်းချနိုင်​ခဲ့တဲ့ ပထမဆုံး​သောအမျိုးသမီးရက်​ပါလည်းဖြစ်​ပါတယ်​၊ဒါ့အပြင်​ Grammy ဆုအတွက်​ ၁၀ ခါ ဆန်​ခါတင်​၀င်​ခဲ့ပြီး ဂင်းနစ်​ကမ္ဘာ့စံချိန်​​တွေပါရရှိထားဖူးတဲ့ အမျိုးသမီးရက်ပ်​ပါပဲဖြစ်​ပါတယ်​။

Nicki တစ်​​ယောက်​ ဂီတ​လောကကအနားယူ​တော့မယ်​ဆိုရင်​​တော့ တကယ်​ကို​ကြေကွဲစရာပါပဲ။ပရိသတ်​​တွေနဲ့ အခြားအနုပညာရှင်​​တွေထင်​​ကြေး​ပေးသလို ခဏပဲအနားယူပြီးပြန်​လာဖို့ကိုပဲ ​​စောင့်​​မျှော်​ကြရမှာပဲ​ပေါ့​နော်​။

winkie
Ref:Billboard

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။