သရုပ်ဆောင်ကောင်းတယ်လို့ ကိုရီးယားလူမျိုးတွေက ရွေးချယ်ထားကြတဲ့ အမျိုးသား Idol (၈) ယောက်

Posted on - Nov 5 []

Mia Zin

စာရေးသူ

သြဂုတ်လ ၂၆ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုတစ်ခုမှာ ကိုရီးယားလူမျိုး ပရိသတ်ဦးရေ ၂၇၀၇၇ ယောက်က သရုပ်ဆောင်ကောင်းမွန်တဲ့ အမျိုးသား Idol တွေကို မဲပေးရွေးချယ်ခဲ့ကြပါတယ်။ ဒီလိုဆိုရင် ကိုရီးယားလူမျိုးပရိသတ်တွေ ရွေးချယ်ထားကြတဲ့ Idol တွေနဲ့ သင်တို့စိတ်ကူးထဲက Idol တွေက ထပ်တူညီကြရဲ့လားဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

8. Baekhyun (EXO)

"Moon Lovers – Scarlet Heart: Ryeo" ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်အဖြစ် စတင်ပွဲထွက်ခဲ့သူ EXO အဖွဲ့ဝင် Baekhyun ကတော့ မဲအရေအတွက် ၁၆ မဲနဲ့ နံပါတ် ၈ နေရာမှာ ရပ်တည်နေပါတယ်။

7. Chani (SF9)

Sky Castle ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်အဖြစ် လူသိများလာသူ SF9 အဖွဲ့ဝင် Chani ဟာဆိုရင် ထိုဇာတ်ကားထဲမှာ ဇာတ်ရံအနေနဲ့သာ ပါဝင်ခဲ့တယ်ဆိုပေမယ့်လည်း သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပရိသတ်တွေအနေနဲ့ သတိထားမိခဲ့ကြပြီး ဒီစစ်တမ်းကောက်ယူမှုမှာတော့ မဲအရေအတွက် ၂၁ မဲ ရရှိထားတာ ဖြစ်ပါတယ်။

6. Yook Sungjae (BTOB)

BTOB ရဲ့ Yook Sungjae ကတော့ ၂၀၁၄ ခုနှစ်ကရိုက်ကူးခဲ့တဲ့ Reply 1994 မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ သရုပ်ဆောင်အဖြစ်နဲ့ အသိအမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသပြီးတာ ၂ နှစ်ကျော် ၃ နှစ်ပတ်ဝန်းကျင်ရှိနေပြီဆိုပေမယ့်လည်း ပရိသတ်အချို့ကတော့ သူ့ရဲ့ သရုပ်ဆောင်မှုစွမ်းရည်ကို အမှတ်တရရှိနေဆဲပါ။ သူကတော့ မဲအရေအတွက် ၆၈ မဲ ရရှိထားတာ ဖြစ်ပါတယ်။

5. P.O (Block B)

Block B ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ P.O ကတော့ သရုပ်ဆောင်လောကထဲကို ၂၀၁၇ ခုနှစ်ကစတင်ပြီး ၀င်ရောက်ခဲ့သူဖြစ်ပါတယ်။ အခုလက်ရှိမှာ လူကြိုက်များအောင်မြင်တဲ့ ဇာတ်လမ်းတွဲတစ်တွဲဖြစ်တဲ့ Hotel Del Luna ဇာတ်လမ်းတွဲမှာလည်း P.O က ဧည့်ကြိုကောင်လေးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ထိုဇာတ်ကားထဲက သူ့ရဲ့ သရုပ်ဆောင်မှုတွေဟာ သူ့ကို မဲအရေအတွက် ၈၁ မဲ ရရှိစေခဲ့ပါတယ်။

4. D.O. (EXO)

ဒီလိုမျိုးစစ်တမ်းကောက်ယူမှုထဲမှာ သရုပ်ဆောင်ကောင်းမွန်လှတဲ့ D.O. သာ မပါဝင်ရင်တော့ မပြည့်စုံဘူးလို့ဆိုရမှာပါပဲ။ ကျရာဇာတ်ကောင်ကို ပရိသတ်တွေရဲ့ ရင်ထဲစွဲကျန်ရစ်လောက်အောင် သရုပ်ဆောင်နိုင်တဲ့ D.O. ကတော့ မဲအရေအတွက် ၁၃၇ မဲကို ရရှိခဲ့ပါတယ်။

3. Ong Seung Woo

At Eighteen ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့သူ Ong Seung Woo ကတော့ အဆိုပါဇာတ်လမ်းတွဲဟာ သူ့အတွက် ပထမဆုံးဖြစ်တယ်ဆိုပေမယ့်လည်း သရုပ်ဆောင်ချက်တွေကတော့ ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ idol တစ်ယောက်အဖြစ် မလျှောက်လှမ်းခင်အချိန်ကတည်းက သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ လေ့ကျင့်ခဲ့ရသူမို့လို့ Ong Seung Woo အနေနဲ့ ဒီလိုမျိုးသရုပ်ဆောင်ကောင်းနေတာကတော့ သိပ်တော့အထူးအဆန်း မဟုတ်ပါဘူး။ သူကတော့ မဲအရေအတွက် ၁၁၀၂ မဲရရှိခဲ့တာ ဖြစ်ပါတယ်။

2. Park Jihoon

WANNA ONE ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ စတင်ပွဲမထွက်ခင်အချိန်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်နဲ့ အနုပညာနယ်ပယ်ထဲကိုဝင်ရောက်ခဲ့သူ Park Jihoon ကတော့ Flower Crew: Joseon Marriage Agency ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်ကောင်းသူတစ်ယောက်အဖြစ် အသတ်မှတ်ခံခဲ့ရကာ မဲအရေအတွက် ၇၁၈၉ မဲ ရရှိခဲ့ပါတယ်။

1. V (BTS)

BTS ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ V ဟာဆိုရင် Hwarang: The Poet Warrior Youth ဇာတ်လမ်းတွဲတစ်တွဲတည်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်တယ်ဆိုပေမယ့်လည်း သူ့ရဲ့ သရုပ်ဆောင်မှုတွေကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျခဲ့ကာ အခုစစ်တမ်းကောက်ယူမှုမှာတော့ မဲအရေအတွက် ၁၅၅၉၃ ရရှိပြီး ထိပ်ဆုံးမှာ ရပ်တည်နေသူ ဖြစ်ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။