တွဲဖက်ရိုက်ကူးတဲ့ မင်းသားတိုင်းကို နာမည်ကြီးလူကြိုက်များစေတဲ့ တရုတ်မင်းသမီး (၄) လက်

Posted on - Sep 6 []

Mia Zin

စာရေးသူ

အခုတင်ဆက်ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ အောင်မြင်မှုတွေကို သူမတို့တွေ ကိုယ်တိုင်ရရှိထားယုံသာမကပဲ သူမတို့နဲ့ တွဲဖက်ရိုက်ကူးတဲ့ သရုပ်ဆောင်မင်းသားတွေကိုပါ နာမည်ကြီးလူကြိုက်များစေတဲ့ တရုတ်နိုင်ငံရဲ့ တရုတ်မင်းသမီး ၄ လက်ပဲဖြစ်ပါတယ်။ ဒါကြောင့် သူမတို့တွေကို ကံကောင်းမှုတွေကို ဆောင်ကျဉ်းလာပေးတဲ့ မင်းသမီးတွေလို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ ဒီလိုဆိုရင် အဲဒီတရုတ်မင်းသမီး ၄ လက်က ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦးနော်။

Yang Zi

ပြီးခဲ့တဲ့နှစ်က ထုတ်လွှင့်ပြသခဲ့ပြီး ဒီနေ့အချိန်ထိတိုင်အောင် နာမည်ကြီးလူကြိုက်များနေဆဲဖြစ်တဲ့ Ashes of Love ဇာတ်လမ်းတွဲရဲ့ အောင်မြင်မှုကိုတော့ တရုတ်ဇာတ်လမ်းတွဲကြိုက်ပရိသတ်တွေတိုင်း သိထားကြမှာပါ။ ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကတော့ Yang Zi ဖြစ်ပြီး သူမနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကတော့ Deng Lun ပဲဖြစ်ပါတယ်။

Deng Lun ဟာ ထိုဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာတော့ နာမည်ကြီးမင်းသားတစ်လက်အဖြစ်ကို ရောက်ရှိခဲ့တယ်ဆိုတာကို ပရိသတ်တွေမျက်မြင်ပါပဲ။ တကယ်တော့ သူတို့ ၂ ဦးဟာ ဒီဇာတ်လမ်းတွဲမှာမှ စတင်တွဲဖက်သရုပ်ဆောင်ခဲ့ဖူးတာမဟုတ်ပဲ ၂၀၁၃ ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ Flowers in Fog ဇာတ်လမ်းတွဲမှာလည်း အတူတွဲဖက်သရုပ်ဆောင်ခဲ့ဖူးကြတာ ဖြစ်ပါတယ်။

နောက်ထပ်မင်းသားတစ်ယောက်ဖြစ်တဲ့ Li Xian ဟာဆိုရင်လည်း Yang Zi နဲ့ အတူတွဲဖက်သရုပ်ဆောင်ပြီးနောက်ပိုင်းမှာ ပိုပြီးအောင်မြင်လာတယ်လို့ ဆိုကြပါတယ်။ သူတို့ ၂ ဦးပါဝင်သရုပ်ဆောင်ထားတဲ့ Go Go Squid ဆိုတဲ့ ဇာတ်လမ်းတွဲဟာဆိုရင် လက်ရှိတရုတ်ဇာတ်လမ်းတွဲကြိုက် ပရိသတ်တွေရဲ့အကြားမှာ နာမည်ကြီးလူကြိုက်များနေတာဖြစ်ပါတယ်။

အချစ်ရိုမန်တစ်ဇာတ်လမ်းဖြစ်တဲ့ ဒီဇာတ်လမ်းတွဲဟာ ဒီနှစ်ထဲမှာ ကြည့်ရှုနှုန်းအများဆုံးသော ဇာတ်လမ်းတွဲဖြစ်ကာ Li Xian ရဲ့ အောင်မြင်မှုအရှိန်ကိုလည်း မြှင့်တင်ပေးတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။

Yang Mi

ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Yang Mi ကတော့ သရုပ်ဆောင်အဖြစ်နဲ့လည်းရပ်တည်နေတဲ့အပြင် စတူဒီယိုကိုလည်း ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းရှင်းတစ်ယောက် ဖြစ်ပါတယ်။ သူမဟာဆိုရင်လည်း သူမ ကိုယ်တိုင်တင် အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်တာမဟုတ်ပဲ တွဲဖက်ရိုက်ကူးတဲ့ သရုပ်ဆောင်မင်းသားတွေကိုလည်း နာမည်ကြီးလူကြိုက်များတဲ့ ထိပ်တန်းသရုပ်ဆောင်တွေအဖြစ်ရောက်ရှိအောင် လက်တွဲခေါ်ယူနိုင်သူ ဖြစ်တယ်လို့ နာမည်ကြီးသူပါ။

လက်ရှိမှာ လူကြိုက်များအောင်မြင်တဲ့ မင်းသား Feng Shaofeng ဟာဆိုရင် အရင်တုန်းက ဒရမ်မာဇာတ်ကားတွေအများကြီးရိုက်ကူးခဲ့ပေမယ့်လည်း ထင်သလောက်အောင်မြင်မှုမရရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာ Yang Mi နဲ့အတူ Palace ဆိုတဲ့ ဇာတ်လမ်းတွဲကို အတူရိုက်ကူးပြီးနောက်မှာတော့ Feng Shaofeng တစ်ယောက် အောင်မြင်မှုလမ်းကြောင်းပေါ်ကို စတင်ရောက်ရှိခဲ့ပါတော့တယ်။

မင်းသား Li Yifeng ဟာဆိုရင်လည်း Swords of Legends ဇာတ်လမ်းတွဲမှာ Yang Mi နဲ့ တွဲဖက်သရုပ်ဆောင်ပြီးနောက် နာမည်ကြီးမင်းသားတစ်လက်အဖြစ်ကို ရောက်ရှိခဲ့သူဖြစ်ကာ ဒီနှစ်ပိုင်းထဲမှာ အအောင်မြင်ဆုံးသော ဇာတ်လမ်းတွဲတစ်တွဲဖြစ်တဲ့ Three Lives Three Worlds Ten Miles of Peach Blossoms ထဲက Mark Chao ရဲ့ အောင်မြင်မှုတွေကလည်း သူမနဲ့အတူတွဲဖက်သရုပ်ဆောင်ပြီးမှ ပိုမိုအရှိန်မြင့်လာတယ်လို့ ဆိုလို့ရပါတယ်။

Zhao Liying

မင်းသမီး Zhao Liying ကိုတော့ အထွေအထူး မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ Wallace Huo ဟာဆိုရင် လူသိများတဲ့မင်းသားတစ်လက်ဖြစ်တယ်ဆိုသော်ငြားလည်း Zhao Liying နဲ့အတူ Journey of Flower ဇာတ်လမ်းတွဲမှာ တွဲဖက်သရုပ်ဆောင်ခဲ့ပြီးနောက် ထိပ်တန်းမင်းသားတစ်ယောက်အဖြစ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

Princess Agents ဇာတ်လမ်းတွဲမှာ သူမနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ကြတဲ့ Lin Gengxin နဲ့ Shawn Dou တို့ဟာဆိုရင်လည်း ထိုနည်းလည်းကောင်းအတိုင်းပဲ ဖြစ်ပါတယ်။ ဗီလိန်ဇာတ်ကောင်တွေနဲ့ ပရိသတ်တွေရဲ့ အမုန်းကိုရရှိခဲ့သူ မင်းသား Jin Han ကတော့ Zhao Liying နဲ့အတူ Our Glamorous Time ဇာတ်ကားထဲမှာ ခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ပြီးနောက်မှာ ပရိသတ်အခိုင်အမာရရှိခဲ့တာကို တွေ့ရပါတယ်။

Joe Chen

တရုတ်နိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Joe Chen ကတော့ The Prince Who Turns Into Frog နဲ့ Fated To Love You အစရှိတဲ့ ဇာတ်လမ်းတွဲတွေနဲ့ လူကြိုက်များအောင်မြင်လာခဲ့တာဖြစ်ပြီး အဲဒီဇာတ်လမ်းတွဲတွေနဲ့ပဲ သူမဟာ တွဲဖက်ရိုက်ကူးတဲ့ သရုပ်ဆောင်မင်းသားတွကို နာမည်ကြီးစေခဲ့တဲ့ မင်းသမီးအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အရင်တုန်းက သူမ ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတွေကိုဆိုရင် ဒီနေ့အချိန်မှာ ပြန်လည်ဖန်တီးရိုက်ကူးနေကြတာကို တွေ့ရပြီး သူမနဲ့ တွဲဖက်ရိုက်ကူးခဲ့တဲ့ Ming Dao, Ethan Ruan အစရှိတဲ့ မင်းသားတွေကိုလည်း နာမည်ကြီးမင်းသားတွေအဖြစ်ရောက်ရှိအောင် လက်တွဲခေါ်ယူပေးနိုင်ခဲ့ပါတယ်။

Ref : DramaPanda
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။