ပိုင်တံခွန်ရဲ့ဗီဒီယိုထဲမှာ မထင်မှတ်ပဲ ပါလာတဲ့ မအေးသောင်းနဲ့ ပိုင်ဖြိုးသုတို့ အမိုက်စားမိန်းမပျိုလေးနှစ်ယောက်

Posted on - Sep 6 []

Myint Myat

စာရေးသူ

မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အောင်မြင်မှုတွေရရှိနေတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်က အနုပညာမောင်နှမတွေနဲ့ မော်ဒိုက်သို့ အလုပ်ကိစ္စတစ်ခုအတွက် ရောက်ရှိနေတာပါ။ ဒီနေ့မှာတော့ ပိုင်တံခွန်က သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ယက်မှာ တင်ဖို့ ဗီဒီယိုရိုက်ရင်း မအေးသောင်းနဲ့ ပိုင်ဖြိုးသုတို့လည်း မထင်မှတ်ပဲ ပါလာတာ တွေ့ရပါတယ်။ မော်ဒိုက်ကမ်းခြေမှာ အရမ်းလန်းနေတဲ့ သုသုလေးနဲ့ မအေးသောင်းတို့ကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ဗီဒီယိုထဲမှာ မထင်မှတ်ပဲ ပါလာတဲ့ မအေးသောင်းနဲ့ ပိုင်ဖြိုးသုတို့ရဲ့ အမိုက်စားဖက်ရှင်နဲ့ လန်းနေတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို ပြသဖို့အတွက် ချစ်ရတဲ့ အနုပညာမောင်နှမတွေနဲ့ ခရီးထွက်နေတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ အပျော်သဘောနဲ့ တင်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ မော်ဒိုက်ခရီးစဉ်မှာတော့ ပိုင်တံခွန်အပြင်၊ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ၊ အိမ့်ချစ်တို့ မောင်နှမ၊ မအေးသောင်းတို့ မောင်နှမ၊ ကျော်ထက်ဇော်၊ အောင်မင်းခန့်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ပိုင်​တံခွန်ရိုက်ကူးထားတဲ့ မော်ဒိုက်ခရီးစဉ်က အမှတ်တရဗီဒီယို

ပိုင်​တံခွန်ရိုက်ကူးထားတဲ့ မော်ဒိုက်ခရီးစဉ်က အမှတ်တရဗီဒီယို

အဆိုပါဗီဒီယိုတွေထဲမှာတော့ အနုပညာမောင်နှမတွေအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့တွေ့ရပြီး အပန်းဖြေနေကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မော်ဒိုက်မှာ အရမ်းပျော်နေကြတဲ့ ပိုင်တံခွန်တို့ အနုပညာမောင်နှမတွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Paing Takhon's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။