လျစ်လျူရှုခဲ့တဲ့ Idol တွေကိုလက်စားချေချင်တာကြောင့်ဆာဂျရီလုပ်ပြီး သူတို့တွေနဲ့အတူအိပ်ခဲ့တဲ့ မိန်းကလေးပရိသတ်

Posted on - Sep 7 []

Mia Zin

စာရေးသူ

HiHi Jets ဆိုတဲ့ ဆယ်ကျော်သက် J-Pop Idol အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Hashimoto Ryo နဲ့ Sakuma Ryoto တို့ရဲ့ Sasaeng ပရိသတ်တစ်ယောက်ဟာ သူမကြိုက်နှစ်သက်တဲ့ Idol တွေဆီကနေ လျစ်လျုရှုခံခဲ့ရတဲ့အတွက် ဘယ်လိုမှတွေးမထင်ထားတဲ့နည်းလမ်းတစ်မျိုးနဲ့ လက်စားချေခဲ့ကြောင်းကို သူမကိုယ်တိုင်ထုတ်ပြောပြခဲ့ပါတယ်။

သူမဟာ ထို Idol အဖွဲ့ကို အရူးအမူးကြိုက်နှစ်သက်တဲ့ ပရိသတ်တစ်ယောက်ဖြစ်ပြီး အဖွဲ့ထဲမှာ သူမ အကြိုက်ဆုံးအဖွဲ့ဝင်ကတော့ Sakuma Ryoto ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ ရုပ်ရည်ချောမောလှပမှုမရှိတာကြောင့် သူမကြိုက်နှစ်သက်တဲ့ Idol ဆီကနေရော တခြားသောအဖွဲ့ဝင်ဆီကနေပါ လျစ်လျူခံခဲ့ရပြီး သူတို့တွေနဲ့ ဓာတ်ပုံလေးတစ်ပုံတောင် အတူတွဲဖက်ရိုက်ကူးခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီအခါမှာတော့ ချောမောလှပတဲ့ရုပ်ရည်မျိုးပိုင်ဆိုင်ရရှိအောင် ပလတ်စတစ်ဆာဂျရီပြုလုပ်ခဲ့ပြီး လက်စားချေဖို့အတွက် အစီအစဉ်ချခဲ့ပါတော့တယ်။ ဦးစွာ Hashimoto Ryo ဆိုတဲ့ Idol ကို ဆက်သွယ်ချဉ်းကပ်ပြီး နောက်တဆင့်အနေနဲ့ သူမ အကြိုက်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Sakuma Ryoto နဲ့ ရင်းနှီးအောင်ကြိုးစားခဲ့ကာ သူမရဲ့ရည်ရွယ်ချက်အတိုင်းအောင်မြင်ပြီးနောက်မှာတော့ အပြင်မှာအကြိမ်များစွာချိန်းတွေ့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ထိတိုင်အောင် Sakuma Ryoto က သူမဟာ အရင်တုန်းက သူတို့တွေ မလှဘူးလို့ပြောပြီး လျစ်လျူရှုခဲ့တဲ့ ပရိသတ်ဆိုတာကို မသိခဲ့ပါဘူး။

အဆုံးသတ်မှာတော့ Sakuma Ryoto ရော၊ Hashimoto Ryo ပါ သူမ ဘယ်သူဆိုတာကို သိရှိသွားခဲ့ပါတော့တယ်။ အဲဒီအခါမှာတော့ Sakuma Ryoto က သူမကို လမ်းခွဲစွန့်ပစ်လိုက်ပေမယ့်လည်း Hashimoto Ryo ကတော့ သူမနဲ့ လမ်းမခွဲနိုင်တာကြောင့် ဆက်ပြီးတော့ပဲ အဆက်အသွယ်ပြုလုပ်ခဲ့ပါတယ်။

Sakuma Ryoto ရဲ့ စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့နောက်မှာတော့ ထိုမိန်းကလေးပရိသတ်ဟာ လက်စားချေတဲ့အနေနဲ့ Sakuma Ryoto တို့ ဆေးလိပ်သောက်၊ အရက်သောက်နေတဲ့ပုံတွေကို အွန်လိုင်းက ဖြန့်ဝေလိုက်ယုံသာမကပဲ သူမနဲ့အတူ အိပ်နေတဲ့ပုံတွေကိုပါ ထုတ်ပြခဲ့ပါတော့တယ်။

သူမ ဖြန့်ဝေလိုက်တဲ့ပုံတွေထဲမှာ ပါဝင်တဲ့အမျိုးသားတွေဟာ Sakuma Ryoto နဲ့ Hashimoto Ryo တို့ဆိုတာကို အတည်မပြုရသေးပေမယ့်လည်း တချို့သော ဂျပန်လူမျိုးအွန်လိုင်းအသုံးပြုသူတွေကတော့ ပုံထဲမှာပါဝင်တဲ့သူတွေရဲ့မျက်နှာအစိတ်အပိုင်းပုံစံတွေနဲ့ Idol တွေရဲ့ မျက်နှာအစိတ်အပိုင်းတွေက တူညီမှုရှိတယ်လို့ ဆိုထားကြပါတယ်။

ဒီိကိစ္စနဲ့ ပတ်သတ်ပြီး ထို idol တွေရဲ့ အေဂျင်စီဖြစ်တဲ့ Johnny & Associates ကတော့ မည်သည့်တုံ့ပြန်ချက်မျိုးကိုမှ ထုတ်ပြန်ထားခြင်းမရှိပါဘူး။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။