သွေးနုသားနုအချိန်တုန်းက ယွန်းဝတီလွင်မိုးရဲ့ မိခင်မေတ္တာစိတ်ပြင်းထန်ပုံကိုပြောပြလာတဲ့ မေသူ

Posted on - Sep 8 []

Rowena

စာရေးသူ

နိုင်ငံကျော်မင်းသားကြီးလွင်မိုးရဲ့ သမီးကြီးဖြစ်သူ ယွန်းဝတီလွင်မိုးဟာ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်မှာ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးရဲ့ သားလေး လွင်ထက်ကလည်း အဖိုးနဲ့ အမေတို့ရဲ့သွေးအပြည့်ပါပြီး အခုအရွယ်ကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ယွန်းဝတီလွင်မိုးရဲ့ မိခင် ဒေါ်မေသူက ယွန်းဝတီလွင်မိုးရဲ့ သူ့သားလေးအပေါ် ချစ်တဲ့ မေတ္တာကို အခုလိုပဲ ပြောပြလာပါတယ်။

"သည်းလေကို ဒီလိုခိုက်ခိုက်တုန်အောင်ချမ်းတဲ့အချိန်မှာမွေးခဲ့တာပေါ့ သည်းလေးအသားဝါလို့ ဆေးရုံမှာ ၈ ရက်တိတိမီးပြဖို့ special care ထဲမှာထားခဲ့ရတယ်။"

"မေမေကမနက်တစ်ခါ နေ့လည်တစ်ခါ နို့ညှစ်ပြီး သည်းလေးကို တိုက်ဖို့ ဖွါးဖွါးနဲ့အတူသွားပို့ရတယ်။ Uber နဲ့တစ်လှည့် tram 🚊 နဲ့တစ်လှည့်ပေါ့ သွေးနုသားနု နဲ့ခိုက်ခိုက်တုန်နေခဲ့တာ မိဘမေတ္တာအပြည့်နဲ့ပေါ့သည်းလေးရယ်။❤️" ဆိုပြီး အမှတ်တရ ပြောပြလာပါတယ်။

ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံက လက်ရှိမှာတော့ သြစတေးလျမှာ ကျောင်းသွားတက်နေတာဖြစ်ပြီး Liam လေးကတော့ ဖိုးဖိုး၊ ဖွားဖွားတွေနဲ့အတူတူ ရန်ကုန်မှာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးကရဲ့ မိခင်မေတ္တာကတော့ သွေးနုသားနု ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့ကြားက Liam ဆီ မရောက်ရောက်အောင် သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီပိုစ့်လေးဖတ်ရင်း မိမိတို့ရဲ့ မိခင်မေတ္တာတွေကို ခံစားသိရှိကြလိမ့်မယ်လို့ ထင်ပါတယ်။

Rowena
Source: May Thu's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။