မြမြ ရုပ်ရှင်ကားမှာ သရုပ်ဆောင်မယ့် မုဒိမ်းကျင့်သူ ၃ဦး ရွေးချယ်လိုက်ပါပြီ

Posted on - Sep 8 []

May Phyo

စာရေးသူ

ပရိသတ်တွေကြားမှာ အရမ်းကို ဟော့ဖြစ်ခဲ့တဲ့ မြမြသရဲ ဆိုတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဟာ လွန်ခဲ့တဲ့သင်္ကြန်ရဲ့ နှစ်ဆန်းတစ်ရက်က စတင်ကာ အများပြည်သူတွေ နဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ ပျံ့နှံ့လို့နေပါတယ်။ အဆိုပါအကြောင်းအရာကို အခြေခံကာ မုဒိမ်းမှုပပျောက်ရေးအတွက် ပညာပေးရုပ်ရှင်ဇာတ်လမ်း ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားအဖြစ် ပုံဖော်ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်ဟာ အဆိုပါရုပ်ရှင် ဇာတ်ကားကြီးအတွက် မုဒိမ်းကျင့်တဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်မယ့် အမျိုးသားသရုပ်ဆောင်၃ဦးကို ဖိတ်ခေါ်ခဲ့ပါတယ်။

အဲ့ဒီဖိတ်ခေါ်မှုရဲ့ အနောက်မှာလျှောက်ထားသူများပြားခဲ့ပြီး အဲ့ဒီလျှောက်ထားသူတွေထဲမှာမှ သုံးဦးကိုတော့ ယနေ့မှာ တရားဝင်ရွေးချယ်ခဲ့ပါပြီ။ သူတို့သုံးဦးကတော့ သရုပ်ဆောင်သစ်တွေဖြစ်တဲ့ လင်းနေ ကိုစိုင်း နဲ့ မျိုးလှိုင်းဝင်းတို့ဘဲ ဖြစ်ပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကဇာတ်ကောင် ဖြစ်တဲ့ မြမြ ကတော့ နိုင်ငံကျော်သရုပ်ဆောင်သင်ဇာဝင့်ကျော် က သရုပ်ဆောင်မှာဖြစ်ပြီး ဒီရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်အများစုကတော့ အရမ်းကို စိတ်ဝင်စားနေကြပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီး ဇာတ်လမ်းအဖြစ်စတင်ဖြစ်တည်ရာ ဒေသမှာ ရိုက်ကူးမှာဖြစ်တယ်လို့လဲ သိရပါတယ်။

ဖတ်ရှု့ပြောကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May phyo (mml)
Source - momolay tv

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။