ဂိုးသမားတောင်မရှိတော့တဲ့ဂိုးပေါက်ထဲကို လုံးဝဒေါသထွက်ချင်စရာကောင်းအောင် လွဲချော်ခဲ့တဲ့ ဗီယက်နမ်နာမည်ကြီးကစားသမား

Posted on - Sep 9 []

Gunner Ksr

စာရေးသူ

လောကမှာ လူတိုင်းအမှားနဲ့မကင်းပါဘူး။ ဘောလုံးသမားတွေလည်း လူသားတွေဖြစ်တဲ့အလျှောက် အမှားနဲ့ ကင်းမှာမဟုတ်ပါဘူး။ ဒါကြောင့်ပဲ ကျွန်တော်တို့တွေဟာ ဘောလုံးပွဲစဉ်တွေမှာ ဘောလုံးသမားတွေရဲ့အမှားပေါင်းများစွာကို တွေ့မြင်နေရတာ ဖြစ်ပါတယ်။ တချို့အမှားတွေကျတော့ နားလည်ပြီး လက်ခံပေးလို့ရပေမယ့် တချို့အမှားတွေကျတော့ လုံးဝကို လက်ခံပေးလို့ မရတဲ့အမှားတွေ ရှိပါတယ်။

အခုဖော်ပြပေးမယ့် ဗီယက်နမ်ကွင်းလယ်ယူနုယင်ကောင်ပေါင်ရဲ့လွဲချော်မှုကတော့ တကယ့်ကို ခွင့်မလွှတ်နိုင်စရာဖြစ်လောက်အောင် လွဲချော်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ 2018 AFF Championshiop ပြိုင်ပွဲမှာ ဖီလစ်ပိုင်နဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။

ဖီလစ်ပိုင်အသင်းက အနိုင်ဂိုးရရှိဖို့ အစွမ်းကုန်တိုက်စစ်ဆင်နေတဲ့အချိန်မှာ ဗီယက်နမ်က တိုက်ပြန်တိုက်စစ်ဆင်တဲ့အခါ ငုယင်ချွန်ပေါင်တစ်ယောက်တည်း လွတ်လွတ်ကျွတ်ကျွတ်ကျွံ့ထွက်သွားခဲ့တာဖြစ်ပါတယု။

ဖီလစ်ပိုင်အသင်းက အနိုင်ဂိုးရရှိဖို့ အစွမ်းကုန်တိုက်စစ်ဆင်နေတဲ့အချိန်မှာ ဗီယက်နမ်က တိုက်ပြန်တိုက်စစ်ဆင်တဲ့အခါ ငုယင်ချွန်ပေါင်တစ်ယောက်တည်း လွတ်လွတ်ကျွတ်ကျွတ်ကျွံ့ထွက်သွားခဲ့တာဖြစ်ပါတယု။

ဂိုးသမားတောင်မရှိ၊ နောက်တန်းတစ်ယောက်မှ လူကပ်မထားတဲ့ အနေအထားမှာ ငုယင်ကောင်ပေါင်က လုံးဝအံ့အားသင့်စေလောက်တဲ့အနေအထားနဲ့ လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ ငုယင်ကောင်ပေါင်လို ကစားသမားမျိုးအတွက် ဒီလိုလွဲချော်မှုကြီးက လုံးဝမဖြစ်သင့်တဲ့ အနေအထားပါပဲ။

ငုယင်ကောင်ပေါင်ရဲ့ အံ့အားသင့်စရာလွဲချော်မှုကြီး

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။