တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မရှိတော့တဲ့ လက်ရှိအချစ်ရေားကို ပြောပြလာတဲ့ နန်းဆုရတီစိုး

Posted on - Sep 10 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုး ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ချစ်စရာကောင်းတဲ့ ဖက်ရှင်အမိုက်စားပုံရိပ်ကလေးတွေ နဲ့ပရိသတ်တွေရဲ့အချစ်ကို ရယူထားတဲ့ နန်းဆုရတီစိုး က သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေကို မိုမိုလေး TV မှာဖြေထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုး တို့ချစ်သူစုံတွဲ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားကျရတဲ့ ပရိသတ်အချစ်တော်တွေပဲ ဖြစ်ပါတယ်။ မနဲ့ မောင် ချစ်သူစုံတွဲ ဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ သစ္စာတရားတွေနဲ့ တည်ဆောက်ထားတဲ့ G Fatt နဲ့ နန်းဆုတို့ ရဲ့ ချစ်သူနှစ်ဦးကို ပရိသတ်တွေက လည်း အမြဲအားပေးနေကြတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ အေးစက်နေတဲ့ သူမတို့ အချစ်ရေးနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုးက ခုလို ပြောထားပါတယ်။ " လက်ရှိ အချစ်ရေးက ထိလွယ်ရှလွယ်တဲ့ အခြေအနေပါ။ ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားမျိုးပေါ့။ပြန်တွေးတိုင် စိတ်ညစ်စရာတွေ၊ စိတ်ဆိုးစရာတွေ၊ ဒေါသထွက်စရာတွေ၊ မခံနိုင်တဲ့ ဟာတွေ နာကျင်စရာတွေ၊ခွင့်မလွတ်နိုင်တဲ့ အရာတွေက တွေးလိုက်တိုင်း ပြန်ပေါ်လာတဲ့ အနေအထားမှာ ကိုယ်က အေးဆေးမဖြေရှင်ပဲ ဝုန်းဒိုင်း ကြဲလိုက်တော့ သူ့အမှားက ကိုယ့်အလွန် ဆိုတာမျိုးတွေ မဖြစ်သင့်ဘူး လေနော်။နန်းဆုက ခေါင်းအေးအေးထားပြီး စဉ်းစားနေတယ် ဒီကိစ္စကို ဘယ်လို မျိုးစဉ်းစားဆုံးဖြတ်ရင်ကောင်းမလဲဆိုတာကိုပါ။ "

" လောလောဆယ်တော့ နန်းဆု က စဉ်းစားနေတဲ့ အခြေအနေမို့လို့ အဆယ်အသွယ်လုပ်မခံရဘူးပေါ့ ၊ သူဆက်သွယ်လို့မရအောင်နေပါတယ်။ချစ်သူစုံတွဲတိုင်းမှာ ကိုယ်တန်ဖိုးထားတဲ့ အရာတွေရှိုကြပါတယ်။ တန်ဖိုးထားတဲ့ အရာတွေကို ထိရင် ဘယ်သူမှ ခွင့်လွတ်မှာ မဟုတ်ဘူး ။ နန်းဆုက အများကြီးလည်း မမျှော်လင့်ဘူး သာမာန်လောက်ပါပဲ။ ဂုဏ်ငွေ ပကာသန တွေမလိုဘူး။နန်းဆု လိုချင်တာ ၊ သစ္စာတရားရယ်၊ မေတ္တာတရား၊ ကိုယ်ချင်းစာတရားရယ်ပဲ လိုချင်တာပါ။ အဲဒီထဲကမှ တစ်ခုတလေပဲ ဖြစ်ဖြစ် ၂ခုပဲ ဖြစ်ဖြစ် မရှိခဲ့ဘူးဆိုရင် အဲဒါမျိုးမပေးနိုင်တော့ဘူးဆိုရင် ရှေ့ဆက်ဖို့ အဆင်မပြေနိုင်တော့ဘူးပေါ့။"

" တစ်ချို့အကြောင်းအရာတွေက ကိုယ်လက်မခံနိုင်တော့အကြောင်းအရာတွေပေါ့နော် ဥပမာ ခွင့်မလွတ်နိုင်တဲ့ အရာတွေ အများကြီးလုပ်ထားပြီးတောင်းပန်ရင် ကိုယ်ကတော့ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ခွင့်လွတ်ပေးလိုက်တယ်။နောက်ပိုင်း ဘာလုပ်လုပ်တောင်းပန်ရင်ရတယ် ဆိုတာမျိုးတွေဖြစ်လာတယ်။နန်းဆုက အကြိမ်ရေများလာတော့လည်း ချစ်တဲ့စိတ်နဲ့ နားမလည်ပေးနိုင်တော့ဘူး ဖြစ်သွားတာပေါ့နော်။ပြတ်မှာ စိုးရိမ်နေတဲ့ ပရိသတ်တွေအတွက်လည်း စိတ်မကောင်းပါဘူး အေးဆေး စဉ်းစားနေတယ်" လို့ ဖြေထားပါတယ်။

လက်ရှိ အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာမဆိုဖြစ်သွားနိုင်တဲ့ အခြေအနေ ပါလို့ ပြောလာတဲ့ နန်းဆုရတီစိုးရဲ့ အင်တာဗျူးကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;momolay tv

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။