Concert ဖျော်ဖြေပွဲတွင် ဟန်ပြသီဆိုခြင်းတွေကြာင့် အပြစ်တင်ဝေဖန်ခံနေရတဲ့ IZ*One

Posted on - Sep 11 []

Shoonie JiJi

စာရေးသူ

IZ*One အဖွဲ့ဟာဆိုရင် Mnet ရဲ့ပြိုင်ပွဲအစီစဉ်ဖြစ်တဲ့ Produce 48 ကနေ ပွဲဦးထုတ်ပေးထားတဲ့အဖွဲ့ပဲဖြစ်ပါတယ်။I.O.I, WANNA ONE အဖွဲ့တွေရဲ့ဂျုနီယာအဖွဲ့ဖြစ်ပြီး ကိုရီးယားနဲ့ဂျပန်တို့မှာနာမည်ကြီးကျော်ကြားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။IZ*One အဖွဲ့ဟာလတ်တလော အာရှနိုင်ငံတွေမှာ “EYES ON ME” Concert ဖျော်ဖြေပွဲကိုပြုလုပ်နေတာဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့က ဂျပန်နိုင်ငံ Fukuoka မြို့မှာကျင်းပသွားခဲ့တဲ့ပွဲမှာတော့ IZ*One အဖွဲ့ဟာ Lip-Sync လို့ခေါ်တဲ့ တကယ်သီဆိုတာမျိုးမဟုတ်ပဲ နောက်ခံသီချင်းဖွင့်ထားတာကို ပါးစပ်လှုပ်ရုံမျှသာဟန်ပြလိုက်လုပ်ခဲ့တာကို လူတွေကသတိထားမိခဲ့ကြပြီးအပြစ်တင်ဝေဖန်နေကြတာပဲဖြစ်ပါတယ်။

အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Ahn Yujin နဲ့ Choi Yena သာ ပွဲတစ်လျှောက်လုံးတိုက်ရိုက် Live သီဆိုခဲ့ကြတာပါ။IZ*One ရဲ့ Main နဲ့lead vocalists တွေကပါ Lip-Sync သီဆိုမှုကြောင့် ပရိသတ်တွေကစိတ်မကောင်းဖြစ်နေကြပါတယ်။ "IZ*One ရဲ့ အဓိကသီဆိုရတဲ့အဖွဲ့ဝင် Main Vocal ကအစ lip-Sync လုပ်တယ်လား" ရသမျှဝင်ငွေတွေအကုန်လုံးကို Choi Yena နဲ့ Ahn Yujin ကိုသာပေးလိုက်ကြပါ ကျန်တဲ့ကလေးတွေက ပိုက်ဆံကိုဒီလိုပုံစံမျိုးနဲ့ရနေကြတာလား?" ဆိုပြီးကိုရီးယားပရိသတ်တွေဆီက အပြစ်တင်ခံနေရတဲ့မှတ်ချက်တွေရရှိနေတာပဲဖြစ်ပါတယ်။

တစ်ဖက်မှာတော့ အဖွဲ့ဝင် Choi Yena ကိုချီးကျုးမှုတွေပြုနေကြပါတယ်။ Yena ဟာ Rank 4 နဲ့ IZ*One အဖွဲ့ဝင်အဖြစ်ပါခဲ့တာဖြစ်ပြီး အသံကောင်းသူတစ်ဦးဖြစ်တဲ့အပြင် Rap သီဆိုမှုကိုပါရရှိသူဖြစ်ပါတယ်။"Yena ဟာလှလည်းလှပြီး အဖွဲ့ဝင်တွေထဲ Yena ကိုအရည်ချင်းအရှိဆုံးလို့ထင်တယ် .. သူတို့လိုအပ်တဲ့အခာတိုင်း Yena ကို Main Vocal အဖြစ်သုံးချင်သုံးပြီး Main Rapper အနေနဲ့ပါထားကြတယ်"ဆိုပြီးမှတ်ချက်တွေပေးခဲ့ကြတာဖြစ်ပါတယ်။

IZ*One အဖွဲ့ဟာ Music Chart တွေမှာလည်း ထိပ်စာရင်းထဲဝင်ပြီး အကောင်းဆုံးအဖွဲ့သစ်ဆုကိုလည်းအများအပြားရရှိခဲ့ဖူးပါတယ်။ Produce အစီစဉ်ရဲ့အစဉ်လာအတိုင်း ခတ္တအဖွဲ့ဖြစ်ပြီး ၂ နှစ်ခွဲစာချုပ်သက်တမ်းနဲ့သာ အဖွဲ့လိုက်လှုပ်ရှားမှုတွေပြုလုပ်သွားကြမှာပါ။

Kpop Idol တွေထဲ မိန်းကလေးအဖွဲ့အတော်အများက lip-Sync ကိုသာသီဆိုကြပါတယ်။တစ်ချိန်တည်းမှာ အကအဆိုလုပ်ရတဲ့ဖျော်ဖြေမှုဟာခက်ခဲ့တဲ့အတွက်ကြောင့်မလုပ်နိုင်ကြတာပဲဖြစ်ပါတယ်။IZ*One အဖွဲ့ရဲ့ပွဲဦးထွက်သီချင်းဖြစ်တဲ့ La Vie en Rose ဖျော်ဖြေမှုမှာ အဖွဲ့ဝင် Choi Yena နဲ့ Ahn Yujin တို့ရဲ့ Live သီဆိုနိုင်မှုဟာ ကျန်တဲ့အဖွဲ့ဝင်များနဲ့ကွဲထွက်နေတာကိုတွေ့ကြရမှာပါ။

La Vie en Rose

winkie
Ref:Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။