လာမယ့် ၂၀၂၀ မှာ စစ်မှုထမ်းဆောင်ရတော့မယ့် EXO အဖွဲ့ဝင် ၃ ယောက်

Posted on - Sep 11 []

Mia Zin

စာရေးသူ

အသက်ပြည့်ပြီးတဲ့ တောင်ကိုရီးယားနိုင်ငံသားမှန်သမျှ မဖြစ်မနေထမ်းဆောင်ရတဲ့ စစ်မှုထမ်းတာဝန်ကို နောက်နှစ်မှာ စတင်ထမ်းဆောင်ရတော့မယ့် အမျိုးသား Idol တွေရဲ့ စာရင်းဟာ ထွက်ပေါ်လို့လာပြန်ပါပြီ။ ဒီတစ်ခါထွက်ရှိလာတဲ့စာရင်းထဲမှာတော့ တခြားသော နာမည်ကျော် Idol တွေနဲ့အတူ EXO ရဲ့ အဖွဲ့ဝင် ၃ ယောက်လည်း ပါဝင်နေတာကို တွေ့ရှိရပါတယ်။

အဲဒီအဖွဲ့ဝင် ၃ ယောက်ကတော့ Chen, Chanyeol နဲ့ Baekhyun တို့ပဲ ဖြစ်ပါတယ်။ သူတို့ ၃ ယောက်ဟာ ၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့သူတွေဖြစ်ကြတာမို့လို့ လာမယ့် ၂၀၂၀ ခုနှစ်ကျရင် သူတို့တွေရဲ့ အသက်က ၂၈ နှစ်ပြည့်မှာဖြစ်ပြီး ကိုရီးယားအသက်ရေတွက်မှုအရနဲ့ဆိုရင်တော့ ၂၉ နှစ် ပြည့်မှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ စစ်မှုထမ်းဥပဒေအရဆိုရင် အသက် ၂၈ နှစ်နောက်ဆုံးထားပြီး စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ရတာကြောင့် သူတို့ ၃ ယောက်ဟာ စစ်မှုထမ်းတာဝန်ကို နောက်နှစ်ထဲမှာ သေချာပေါက် ထမ်းဆောင်ကြရတော့မယ်လို့ ပရိသတ်တွေရော၊ မီဒီယာတွေပါ ခန့်မှန်းထားကြပါတယ်။

ဘယ်အချိန်၊ ဘယ်ရက်မှာ တာဝန်ကို ထမ်းဆောင်ရမယ်ဆိုတာကိုတော့ သေချာပေါက်ပြောလို့မရသေးပါဘူး။ EXO အဖွဲ့ဝင်တွေရဲ့ စစ်မှုထမ်းတာဝန်နဲ့ ပတ်သတ်ပြီး ဖော်ပြရရင်တော့ Xiumin နဲ့ D.O. တို့က လက်ရှိမှာစစ်မှုထမ်းဆောင်နေတာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်ဖြစ်သူ Suho ကတော့ ဒီနှစ်အကုန်ပိုင်းလောက်မှာ စတင်စစ်မှုထမ်းလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

လာမယ့် ၂၀၂၀ ခုနှစ်ထဲမှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်ကြရမယ့် Idol တွေထဲမှာ သင်တို့ကြိုက်နှစ်ကြတဲ့ Idol တွေများ ပါဝင်နေရဲ့လား။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။