ထောင်သောင်းချီတဲ့ကိုရီးယားပရိသတ်တွေဆီက ရွေးချယ်ခံရတဲ့အကြည့်ကောင်းဆုံး Kpop Male Idol ၆ ဦး

Posted on - Sep 11 []

Shoonie JiJi

စာရေးသူ

ထောင်သောင်းချီတဲ့ကိုရီးယားပရိသတ်တွေဆီက Kpop လောကရဲ့အကြည့်ကောင်းဆုံးအမျိုးသား Idol တွေကိုရွေးချယ်မှုပြုလုပ်ခဲ့ရာမှာတော့ ဒီ Idol ၆ ယောက်ဟာ မဲအများဆုံးရရှိခဲ့ကြတဲ့သူတွေပဲဖြစ်ပါတယ်။လတ်တလောမှာနာမည်ကြီးနေတဲ့ တက်သစ်စ Idol တွေလည်းပါဝင်ကြပြီး ဒီကပရိသတ်ကြီးရဲ့အကြိုက်နဲ့ရော ကိုက်ညီနေလားဆိုတာကြည့်သွားကြပါဦးနော်။

6- Kim Yohan (X1)

X1 အဖွဲ့ဝင်ဖြစ်တဲ့ Kim Yohan ကတော့ 31,386 votes နဲ့ နံပါတ် ၆ နေရာကိုရခဲ့ပါတယ်။Kim Yohan ဟာဆိုရင်တော့ ProduceX 101 အစီစဉ်မှာ Rank 1 ရရှိခဲ့ပြီး သြဂုတ်လမှ ပွဲဦးထွက်ထားခဲ့တဲ့ X1 ရဲ့Center လည်းဖြစ်ပါတယ်။Kim Yohan ရဲ့ Boyfriend Material ဆန်ဆန်ရုပ်ရည်ကတော့ ပွဲဦးမထွက်ခင်ထဲက ပရိသတ်တွေရဲ့စိတ်ဝင်စားမှုအများအပြားကိုရယူနိုင်ခဲ့ပါတယ်။

5- Park Jihoon (Wanna One)

WANNA ONE အဖွဲ့ဝင်ဟောင်း Park Jihoon ကတော့ WANNA ONE ရဲ့ Visual ဖြစ်ပြီး Produce 101 S2 မှာလည်း အချောဆုံး Visual Center အဖြစ် ရွေးချယ်ခံခဲ့ရသူပါ။Jihoon ဟာ Idol အချောအလှတွေပဲရှိတဲ့ SM Entertainment ရဲ့ Trainee ဖြစ်ခဲ့ဖူးတဲ့သူတစ်ယောက်ဖြစ်လို့ Jihoon ရဲ့ရုပ်ရည်ကိုတော့အထူးတလည်ပြောစရာမလိုတော့ပါဘူးနော်။ လတ်တလောမှာတော့ Jihoon ဟာ စက်တင်ဘာ ၁၆ ရက်နေ့မှာထွက်ရှိမယ့် Flower Crew ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ထားပါတယ်။

4- Hwang Minhyun (NU’EST/Wanna One)

NUEST အဖွဲ့ဝင် Hwang Minhyun ကတော့ သူ့ရဲ့နူးနူးညံညံပုံစံလေးတွေနဲ့ ပရိသတ်တွေကိုကြွေအောင်ပြုလုပ်တတ်သူပါ။ Hwang Minhyun ဟာ မင်းသား Park Seojoon ,Ahn Jaehyun တို့နဲ့ရုပ်ချင်းဆင်တဲ့သူဖြစ်ပြီး သူရဲ့ရုပ်ရည်နဲ့ပတ်သတ်ပြီးတော့လည်းပရိသတ်တွေဆီက အမြဲချီးကျုးခံရတဲ့ Idol တစ်ယောက်ပဲဖြစ်ပါတယ။

3- V (BTS)

အားလုံးသိကြမှာဖြစ်တဲ့ BTS အဖွဲ့ဝင် V ကတော့ The 100 Most Handsome Faces မှာ ပထမရရှိခဲ့တာဖြစ်ပြီး ဒီ ၂၀၁၉ အတွက်လည်း စကာတင်စာရင်းဝင်ထားပါသေးတယ်။V ကတော့ အရည်အချင်းရှိသူတစ်ဦးဖြစ်ပြီး ပြီးပြည့်စုံတဲ့ရုပ်ရည်ကိုပိုငဆိုင်ထားတဲ့သူတစ်ယေက်လို့ဆိုရမှာပေါနေိာ...

2- Kim Wooseok (UP10TION/X1)

UP10TION နဲ့ အဖွဲ့ဝင်ဖြစ်ပြီး ၅နှစ်တာ X1 အဖွဲ့နဲ့အတူ လှုပ်ရှားမှုတွေပြုလုပ်သွားမှာဖြစ်တဲ့ Kim Wooseok ဟာဆိုရင်တော့ 39,259 votes နဲ့ နံပါတ် ၂ နေ၇ာကိုရရှိခဲ့ပါတယ်။ Kim Wooseok ဟာဆိုရင်လည်း မင်သား Park Bogum နဲ့ဆင်တူတဲ့မျက်နှာအသွင်အပြင်ကိုပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။

1- Kang Daniel (Wanna One)

WANNA ONE အဖွဲဝင် Cemter ဟောင်းဖြစ်သူ Kang Daniel ကတော့ ကိုရီးယားဆန်ဆန်မျက်လုံးလေးတွေကိုပိုင်ဆိုင်ထားပြီး Cute ရော Sexy နဲ့ပါကြည့်ကောင်းတဲ့သူဖြစ်ပါတယ်။Daniel ကတော့ ကိုရီးယားနိုင်ငံပရိသတ်တွေရဲ့ အချစ်တော်ကြီးလို့ဆိုတဲ့အတိုင်း ဆွဲဆောင်မှုရှိပြီးကြည့်ကောင်းချောမောတဲ့ အမျိုးသား Idol ရွေးချယ်မှုမှာ မဲအများဆုံးနဲ့ပထမနေရာကိုရရှိခဲ့ပါတယ်။

winkie
Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။