Ahn Jae Hyun နဲ့ Goo Hye Sun တို့ ကွာရှင်းဖြစ်မှာမဟုတ်ဘူးလို့ ရှေ့နေတွေ ခန့်မှန်းထားကြ

Posted on - Sep 11 []

Mia Zin

စာရေးသူ

ကွာရှင်းမှုတွေနဲ့ ပတ်သတ်ပြီးဆောင်ရွက်ပေးလေ့ရှိတဲ့ ရှေ့နေတစ်ယောက်ကို Ahn Jae Hyun နဲ့ Goo Hye Sun တို့ရဲ့ ကွာရှင်းမှုပြဿနာနဲ့ ပတ်သတ်ပြီး အင်တာဗျူးတစ်ခု မေးမြန်းခဲ့ရာမှာတော့ အဆိုပါရှေ့နေဟာ သူ့အနေနဲ့ Ahn Jae Hyun တို့ရဲ့ကွာရှင်းမှုအပေါ်အမြင်ကို အခုလိုပဲပြောပြခဲ့ပါတယ်။ ဒီကွာရှင်းမှုကိစ္စမှာ ကွာရှင်းဖို့စိတ်ဆန္ဒရှိသူက Ahn Jae Hyun ဖြစ်ပြီး ဇနီးဖြစ်သူ Goo Hye Sun ဘက်ကတော့ သူမတို့ရဲ့ အိမ်ထောင်ရေးအဆုံးမသတ်ချင်ဘူးဆိုတာကို ပရိသတ်တွေ သိထားပြီးသားဖြစ်ကြမှာပါ။

အင်တာဗျူးမှာတော့ ရှေ့နေဖြစ်သူက "အဆုံးသတ်ကျရင်တော့ ၂ ယောက်ထဲက တစ်ယောက်က လိမ်နေတယ်ဆိုတာက ထွက်ပေါ်လာမှာပါ" လို့ဆိုကာ Ahn Jae Hyun နဲ့ Goo Hye Sun တို့ ၂ ယောက်ထဲက ၁ ယောက်က လိမ်နေတာဖြစ်ကြောင်းကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး "Goo Hye Sun က သူမ ပြောစရာရှိတာတွေကိုပြောပြီး သူမမှာ သက်သေတွေရှိပါတယ်တဲ့။ တကယ်လို့များ Ahn Jae Hyun ရဲ့ အမှားတွေကိုသာ ထုတ်ပြနိုင်မယ်ဆိုရင်တော့ ဒီကွာရှင်းမှုဟာ Goo Hye Sun မျှော်လင့်ထားသလိုပဲ ရပ်တန့်သွားမှာပါ" လို့ဆိုကာ ကွာရှင်းမှုပြီးမြောက်မှာမဟုတ်ဘူးလို့ ထင်ကြေးပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း Goo Hye Sun ပြောထားတာတွေက လိမ်လည်ထားတာတွေဖြစ်တယ်ဆိုရင်တော့ တရားရုံးက သူမကို ကွာရှင်းတာနဲ့ပတ်သတ်ပြီး အပြစ်တင်သွားမှာဖြစ်တယ်လို့လည်း အဆိုပါရှေ့နေက ခန့်မှန်းပေးထားပါတယ်။ "တကယ်လို့များ Ahn Jae Hyun ရဲ့ အမှားတွေကို သက်သေထုတ်မပြဘူးဆိုရင်တော့ တရားရုံးက Goo Hye Sun ကို စစ်ဆေးမေးမြန်းသွားမှာဖြစ်ပြီး ကွာရှင်းဖို့ကို ခွင့်ပြုလိုက်ဖို့များပါတယ်" လို့ဆိုကာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလတ်တလောမှာတော့ Goo Hye Sun အနေနဲ့ ကွာရှင်းမှုနဲ့ပတ်သတ်ပြီး အင်တာဗျူးတွေလက်ခံဖြေကြားဖို့အတွက် အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

Ref : SBS Star
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။