Ahn Jaehyun နဲ့ Jung Joonyoung တို့အကြားက ဆက်ဆံရေးအခြေအနေ

Posted on - Sep 11 []

Mia Zin

စာရေးသူ

လွန်ခဲ့တဲ့လပိုင်းလောက်တုန်းက တောင်ကိုရီးယားနိုင်ငံအတွင်းရှိ ပရိသတ်တွေကိုသာမက နိုင်ငံတကာပရိသတ်တွေကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ K-pop လောကရဲ့ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံအကြောင်းကို ပရိသတ်တွေအနေနဲ့ မှတ်မိကြဦးမယ်ထင်ပါတယ်။ ထိုအရှုပ်တော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အဆိုတော် Jung Joon Young နဲ့ လက်ရှိမှာ အိမ်ထောင်ရေးအဆုံးသတ်မယ့် ကိစ္စနဲ့ပတ်သတ်ပြီး ပြဿနာတွေတက်နေတဲ့ မင်းသား Ahn Jae Hyun တို့ဟာ အရမ်းကိုရင်းနှီးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်ကြပါတယ်။

သူတို့ ၂ ဦးရဲ့ ခင်မင်ကြတယ်ဆိုတာကို ဟိုးအရင်ကတည်းက သိကြတဲ့ပရိသတ်တွေရှိကြသလို Ahn Jae Hyun ရဲ့ ကွာရှင်းမှုဖြစ်ပေါ်လာမှ သိကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုမျိုးသတင်းတွေထွက်လာချိန်မှာတော့ ပရိသတ်တွေအကြားမှာလည်း ထင်ကြေးတွေအမျိုးမျိုးဖြစ်ခဲ့ကြပါတယ်။

၂ ယောက်သားဟာ Music Show တစ်ခုမှာ MC အဖြစ် အတူတွဲဖက်ဆောင်ရွက်ခဲ့ကြသလို တီဗွီအစီအစဉ်တွေလည်း အတူတူရိုက်ကူးခဲ့ကြတာမို့လို့ တချို့ပရိသတ်တွေက Ahn Jae Hyun ဟာ Jung Joonyoung နဲ့ ခင်မင်ရင်းနှီးသူဖြစ်တာမို့လို့  Jung Joonyoung ဆီကနေ မကောင်းတဲ့အပြုအမူတွေ၊ လုပ်ရပ်တွေကို တတ်မြောက်လာတာဖြစ်မယ်လို့ ထင်ကြေးပေးခဲ့ကြဖူးပါတယ်။

Jung Joonyoung ရဲ့ Kakao Talk group chat ထဲမှာ Ahn Jae Hyun ပါဝင်ခဲ့ဖူးလိမ့်မယ်ဆိုတဲ့ ထင်ကြေးပေးချက်တွေကလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုမျိုး ထင်ကြေးတွေထွက်လာချိန်မှာတော့ Ahn Jaehyun ရဲ့ ရှေ့နေဖြစ်သူက Jung Joonyoung ရဲ့ Kakao Talk group chat ထဲမှာ Ahn Jaehyun မပါဝင်ပဲ သူတို့ ၂ ဦးဟာ ၂၀၁၅ ခုနှစ်လောက်ကတည်းက အဆက်အသွယ်ပြတ်နေခဲ့ကြတာဖြစ်တယ်လို့ ရှင်းလင်းချက်ထုတ်ပေးခဲ့ပါတယ်။

လတ်တလောမှာတော့ Ahn Jaehyun ဟာ သူ့ရဲ့ ဇနီးဖြစ်သူ Goo Hye Sun နဲ့ ကွာရှင်းဖို့ရဖို့အတွက် ကြိုးစားနေသလို ဒရမ်မာရိုက်ကူးရေးကိုလည်း ဆက်လက်လုပ်ကိုင်လျှက် ရှိပါတယ်။

Ref : KStarlive
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။