စီးရီးအေမှာ တခြားကစားသမားတွေနဲ့ အဆပေါင်းများစွာ ကွာဟနေတဲ့ စီရော်နယ်ဒိုရဲ့လစာ

Posted on - Sep 11 []

Gunner Ksr

စာရေးသူ

ပေါ်တူဂီလက်ရွေးစင်ကစားသမားစီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၁၈ နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲကနေ ဂျူဗင်တပ်အသင်းကို အံ့အားသင့်ဖွယ် အနေအထားနဲ့ ပြောင်းရွှေ့ရောက်ရှိလာာခဲ့ပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ် (၃) ကြိမ်ရယူထားနိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းကနေ စီရော်နယ်ဒိုတစ်ယောက် ထွက်ခွာဖြစ်လိမ့်မယ်လို့ ဘယ်သူ့မှထင်မှတ်ထားခဲ့တာ မဟုတ်ပါဘူး။

ဒါကြောင့် ဒီအပြောင်းအရွှေ့ဟာ ဘောလုံးလောကတစ်ခုလုံးကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အနေနဲ့ စီရော်နယ်ဒိုလို ကစားသမားမျိုးကို လစာအများအပြားပေးချေရမှာတော့ အမှန်ပါပဲ။

အခုထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ ဂျူဗင်တပ်အသင်းမှာ စီရော်နယ်ဒိုရရှိနေတဲ့ လစာဟာ စီးရီးအေမှာ တခြားကစားသမားတွေထက် အဆမတန်များပြားနေတာကို တွေ့ရပါတယ်။ အီတလီထိပ်တန်းသတင်းစာ Gazzetta dello Sport က ဖော်ပြတဲ့အချက်အလက်တွေရ ဂျူဗင်တပ်ဟာ စီရော်နယ်ဒိုအတွက် တစ်နှစ်ကို ပေါင် (၂၈) သန်းအထိပေးချေနေတယ်လို့ သိရပါတယ်။

စီရော်နယ်ဒိုရဲ့နောက် စီးရီးအေမှာ ဒုတိယလုပ်ခအများဆုံး ရရှိနေတဲ့ ဂျူဗင်တပ်နောက်ခံလူဒီလိုက်ခ်ျတောင်မှ တစ်နှစ်လုပ်ခ (၇.၂) သန်းပဲ ရှိပါတယ်။ ဒါကြောင် စီရော်နယ်ဒိုရဲ့လစာဟာ ဒုတိယနေရာက ဒီလိုက်ခ်ျနဲ့တောင် (၃) ဆလောက် ကွာဟနေလောက်အောင် ကြောက်ခမန်းလိလိပဲ ဖြစ်ပါတယ်။

စီရော်နယ်ဒိုရဲ့နောက် စီးရီးအေမှာ ဒုတိယလုပ်ခအများဆုံး ရရှိနေတဲ့ ဂျူဗင်တပ်နောက်ခံလူဒီလိုက်ခ်ျတောင်မှ တစ်နှစ်လုပ်ခ (၇.၂) သန်းပဲ ရှိပါတယ်။ ဒါကြောင် စီရော်နယ်ဒိုရဲ့လစာဟာ ဒုတိယနေရာက ဒီလိုက်ခ်ျနဲ့တောင် (၃) ဆလောက် ကွာဟနေလောက်အောင် ကြောက်ခမန်းလိလိပဲ ဖြစ်ပါတယ်။

စီရော်နယ်ဒို၊ ဒီလိုက်ခ်ျတို့ရဲ့နောက်မှာတော့ အင်တာမီလန်တိုက်စစ်မှူးလူကာကူက ယူရို (၇.၅)သန်း+ အပိုဆုကြေး (၁.၅) သန်း နဲ့တတိယ၊ ဂျူဗင်တပ်တိုက်စစ်မှူးဟီဂူအင်က ယူရို (၇.၅) သန်းနဲ့ စတုတ္ထနေရာတို့မှာ အသီးသီး ရပ်တည်လျက်ရှိနေပါတယ်။

စီးရီးအေရဲ့လုပ်ခအများဆုံး ကစားသမားစာရင်း

Cristiano Ronaldo (Juventus): €31m
Matthijs de Ligt (Juventus): €8m (+€4m in bonuses)
Romelu Lukaku (Inter Milan): €7.5m (+€1.5m in bonuses)
Gonzalo Higuain (Juventus): €7.5m
Paulo Dybala (Juventus): €7.3m
Adrien Rabiot (Juventus): €7m (+€2m in bonuses)
Aaron Ramsey (Juventus): €7m
Miralem Pjanic (Juventus): €6.5m
Douglas Costa (Juventus): €6m
Mario Mandzukic (Juventus): €6m
Sami Khedira (Juventus): €6m
Gianluigi Donnarumma (AC Milan): €6m
Kalidou Koulibaly (Napoli): €6m

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။