ဒီပုံလေးတွေပြန်တွေ့ပြီး အရင်အချိန်တွေပြန်ရောက်သွားသလို အပျော်တွေပြန်ကူးစက်မိတယ် ဆိုတဲ့ နန်းဆုရတီစိုး

Posted on - Sep 11 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုး ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ချစ်စရာကောင်းတဲ့ ဖက်ရှင်အမိုက်စားပုံရိပ်ကလေးတွေ နဲ့ပရိသတ်တွေရဲ့အချစ်ကို ရယူထားတဲ့ နန်းဆုရတီစိုး က သူမနဲ့အတူ သရုပ်ဆောင် မြင့်မြတ်၊ မိုးအောင်ရင်၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော် တို့ တစ်ချိန်က ရိုက်ထားတဲ့ ပုံလေးတွေကိုမြင်ပြီး အရင်အချိန်တွေ သတိရနေတယ် ဆိုတဲ့အကြောင်း ကို မိုမိုလေး ရဲ့ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

နန်းဆုရတီစိုး က လတ်တလောမှာ ကမ်းမဲ့လှေ ဆိုတဲ့ သီချင်းလေးကို ထွက်ရှိထားပြီး ပရိသတ်တွေ ရဲ့ အားပေးမှုများစွာရရှိထားတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူမက တစ်ချိန်တုန်းက သူမတို့ရိုက်ထားတဲ့ ပုံလေးတွေကိုကပြန်တွေ့လို့ အရင်တုန်းကအချိန်တွေကို သတိရတယ်ဆိုတဲ့အကြောင်းကို ခုလိုပြောထားပါတယ်။

နန်းဆုရတီစိုးက "Group ထဲ ဒီပုံလေးတွေလာတင်ထားတာတွေ့လို့ အဲ့တုန်းအချိန်တွေပြန်ရောက်သွားသလို အပျော်တွေပြန်ကူးစက်ခံစားမိ😍🥰🥰we are forever friends 😊အမြဲနုပျိုလှပနေတဲ့ မမခိုင်လေးကလည်း ကိုယ်တွေရဲ့ဘော်ဒါပါနော်😁" ဆိုပြီးပြောထားပါတယ်။

တစ်ချိန်တုန်းက သူတို့

သရုပ်ဆောင် နန်းဆုရတီစိုး တင်ထားတဲ့ သူမတို့ရဲ့ တစ်ချိန်တုန်းက ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;nan suyati soe

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။