Tour ပြုလုပ်​​နေစဉ်​ အရက်​​သောက်​ပြီးငိုခဲ့ရတဲ့အ​ကြောင်းကို ရှင်းပြခဲ့တဲ့ Jimin

Posted on - Sep 11 []

Shoonie JiJi

စာရေးသူ

BTS အဖွဲ့ဝင်​ Jimin ဟာဆိုရင်​​တော့ နူးညံ့ပြီးအဖွဲ့ဝင်​​တွေအပြင်​ ပရိသတ်​​တွေကိုပါအမြဲလိုလိုအ​လေးထားပြီး ချစ်​ခင်​တတ်​တဲ့​ကောင်​​လေးဆိုတာ ပရိသတ်​​တွေသိကြမှာပါပဲ။ဒီလိုအဖွဲ့ဝင်​​တွေအတွက်​ အ​တွေးလွန်​ပြီးပူပန်​ကာငိုခဲ့မိတဲ့အ​ကြောင်းကိုလည်း Jimin ကရင်​ဖွင့်​ခဲ့ပါ​သေးတယ်​။

BTS အဖွဲ့ရဲ့ ​နောက်​ကွယ်​ကပရိသတ်​​တွေမသိတဲ့ပင်​ပန်းခက်​ခဲ့ရတဲ့အ​ကြောင်း​တွေကိုရိုက်​ကူးပြသထားတဲ့ Bring The Soul အစီအစဉ်​ရဲ့ အပိုင်း ၃ မှာ သူငိုခဲ့ဖူးတဲ့အ​ကြောင်းကို Jimin က Jungkook ဆီ ညစာစားရင်း ရင်ဖွင့်​​ပြောခဲ့တာပဲဖြစ်​ပါတယ်​​။ဒါက​တော့ BTS အဖွဲ့ကမ္ဘာပတ်​​ဖျော်​​ဖြေပွဲ​တွေလုပ်​​နေတဲ့အချိန်​အတွင်းမှာ Jimin ဟာအရက်​​သောက်​ပြီး အဖွဲ့ဝင်​​တွေ​ရှေ့ငိုချင်းချခဲ့တာပါပဲ။

Jimin က သူ့ရဲ့အ​ကြောင်းကို "အဖွဲ့ဝင်​​တွေ​ပြောတာ​တော့ ​သောက်​ပြီး hotel ပြန်​​ရောက်​​တော့ ငါကဆိုဂျူ​တွေထပ်​​တောင်းတယ်​တဲ့။ပြီးလည်းပြီး​ရော "ကျွန်​​တော်​အထီးကျန်​တယ်​" "အခန်း​တွေခွဲ​နေတာ​ကောင်း​တဲ့အကြံမဟုတ်​ဘူးထင်​တယ်​" ဆိုတဲ့စကား​တွေကို ထပ်​ခါထပ်​ခါ​ပြော​နေတာတဲ့" ဆိုပြီး Jungkook ကို​ပြောပြခဲ့တာပဲဖြစ်​ပါတယ်​။

ဒါ့အပြင်​ အဲ့အချိန်​မှာ အဖွဲ့ဝင်​​တွေအ​ကြောင်းကို​ပြောရင်း သူငိုခဲ့​ကြောင်းကိုပါ Jimin ကထပ်​​ပြောခဲ့ပါတယ်​။ငိုရခြင်းအ​ကြောင်းက​တော့ အရင်​ကခက်​ခဲတဲ့အချိန်​​တွေကို အတူဖြတ်​သန်းခဲ့ရတာ​တွေ​တွေးမိရင်း ငိုခဲ့မိတာပါတဲ့။Jungkook ကို အခုလို​ပြောပြခဲ့ပြီး​နောက်​ဆုံးမှာ​တော့ Jimin က စကားဝိုင်းကိုရယ်​​မောစွာအဆုံးသတ်​ခဲ့ပါ​သေးတယ်​။အဲ့အချိန်​က သူမူး​နေခဲ့တာမလို့ ဘာမှမမှတ်​မိ​တော့ဘဲ ဒါက​တော့အဖွဲ့ဝင်​​တွေသူ့ကိုပြန်​​ပြောပြတဲ့အတိုင်းပဲ​ပြောပြတာပါလို့ ​ပြောခဲ့တာပဲဖြစ်​ပါတယ်​။

Jimin က​တော့ ပရိသတ်​​တွေကိုသာမက အဖွဲ့ဝင်​​တွေကိုပါတစ်​ဦးချင်း​သေချာဂရုစိုက်​​ပေးတဲ့နတ်​သား​လေးပါပဲ​။BTS အဖွဲ့ရဲ့ ဒီလို​နောက်​ကွယ်​မှာကြုံ​တွေရတဲ့ အခက်​အခဲနဲ့ပင်​ပန်းမှု​တွေကိုသိချင်​ရင်​​တော့ Bring The Soul အစီအစဉ်​ကို သွားကြည့်​ဖို့တိုက်​တွန်းလိုက်​ရပါတယ်​​နော်​​။

winkie
Ref:Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။