ရော်ဘီကိန်းရဲ့ အသနားခံတောင်းပန်မှုကို အထာမထားဘဲ ပြတ်ပြတ်သားသားလုပ်ဆောင်ခဲ့တဲ့ စီရော်နယ်ဒို
Gunner Ksr
စာရေးသူ
စီရော်နယ်ဒိုကတော့ ရော်ဘီကိန်းရဲ့တောင်ပန်းမှုကို အထာမထားခဲ့ပါဘူး။ ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လစ်သူယေးနီးယားအသင်းကို (၅-၁) ဂိုးနဲ့ ပြတ်ပြတ်သားသား အလဲထိုး ချေမှုန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် စီရော်နယ်ဒိုအထူးခြေစွမ်းပြကစားသွားခဲ့ပြီး တစ်ယောက်တည်း (၄) ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပါတယ်။ ပြောင်မြောက်လွန်းတဲ့ စီရော်နယ်ဒိုရဲ့စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး သွင်းယူနိုင်ခဲ့တဲ့အတွက် စီရော်နယ်ဒိုဟာ မှတ်တမ်းကောင်းတွေ ထပ်မံပိုင်ဆိုင်ခဲ့ပြန်ပါတယ်။ စီရော်နယ်ဒိုဟာ မတူညီတဲ့နိုင်ငံအသင်း (၄၀) ကို ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

စီရော်နယ်ဒိုရဲ့ နိုင်ငံတကာ သွင်းဂိုးဟာလည်း (၉၃) အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားဘ၀တစ်လျှောက် စီရော်နယ်ဒိုရဲ့ဟက်ထရစ်အရေအတွက်ဟာလည်း ၃၄) ကြိမ်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ စီရော်နယ်ဒိုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ အခြေအနေကို အိုင်ယာလန်ဂန္ထ၀င်ရော်ဘီကိန်းက ဖန်တီးခဲ့ပါတယ်။

ရော်ဘီကိန်းဟာ သွင်းဂိုး (၂၃) ဂိုးနဲ့ ယူရိုခြေစစ်ပွဲပြိုင်ပွဲတစ်ခုအတွင်း ဂိုးအများဆုံး သွင်းယူထားနိုင်သူအဖြစ် စံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။ လစ်သူယေးနီးယားနဲ့ပွဲမတိုင်ခင်မှာ အခုနှစ်ယူရိုခြေစစ်ပွဲတစ်လျှောက် စီရော်နယ်ဒိုဟာ ဂိုး (၂၀) သွင်းယူထားပြီး ရော်ဘီကိန်းရဲ့စံချိန်ကို ချိုးဖျက်ဖို့ အနီးစပ်ဆုံးအနေအထားမှာ ရှိနေခဲ့ပါတယ်။

ဒါကြောင့်လစ်သူယေးနီးယားနဲ့ ပေါ်တူဂီအသင်းတို့ မကစားမီမှာ ဟယ်ရီကိန်းက "မင်းအတွက် စံချိန်တွေက လုံလောက်နေပါပြီ ခရစ္စတီယာနို။ ဒီတစ်ခုတော့ ချန်ထားပေးပါ"လို့ လူမှုကွန်ရက်မှာ အသနားခံတောင်းပန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုက တစ်ပွဲတည်း (၄) ဂိုးအထိသွင်းယူပြီး ရော်ဘီကိန်းရဲ့စံချိန်ကို ချိုးဖျက်သွားခဲ့ပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုအနေနဲ့ ရော်ဘီကိန်းအပေါ် အထာမထားခဲ့ဘူးလို့ ဆိုရမှာပါ။
Ref: Give Me Sport
Oz11(မိုမိုလေး)
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

တစ်ခါမှ ချစ်သူရည်းစား မထားခဲ့ဖူးတဲ့ မိန်းကလေးမှန်း သိသာစေတဲ့ အချက်များ
Dec 10 2019 (35510 views)

လူမှုကွန်ယက်မှာနာမည်ကြီးသွားခဲ့တဲ့ အနုပညာကြေးပြဿနာက နားလည်မှုလွဲသွားခဲ့တာပါဆိုတဲ့ ကေသီဝင်းနဲ့ မာမာနိုင်
Dec 10 2019 (33888 views)

မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ မျက်နှာကို ပြသလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်
Dec 11 2019 (10503 views)

ဆာလတ်ဂိုးသွင်းပြီးချိန်မှာ ပြင်းပြင်းထန်ထန် ဒေါသပေါက်ကွဲခဲ့တဲ့ ဟာလန်းရဲ့လုပ်ရပ်
Dec 11 2019 (19029 views)

အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ လုံးဝရင်သပ်ရှုမောဖွယ်ရာကောင်းလွန်းတဲ့ ဆာလတ်ရဲ့ အမိုက်စားဂိုး
Dec 11 2019 (12192 views)

ရင်ဆိုင်ခဲ့ရဖူးသမျှထဲမှာ အခက်ခဲဆုံးပြိုင်ဘက်ကို ဖွင့်ဟခဲ့တဲ့ ပေါ့ဂ်ဘာ
Dec 11 2019 (3883 views)

ဇနီးဖြစ်သူအတွက် Romantic အဆန်ဆုံး မွေးနေ့လက်ဆောင်ကိုပေးခဲ့တဲ့ လွင်မိုး
Dec 11 2019 (4348 views)

ချစ်ကြိုက်နေကြပါတယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့မှုအပေါ် ပထမဆုံးအကြိမ်ဖွင့်ဟလာကြတဲ့ Hyun Bin နဲ့ Son Ye Jin
Dec 11 2019 (4227 views)