Hyuna ဓာတ်ပုံနဲ့ အတူအိပ်ခဲ့တဲ့ Deadpool မင်းသား Ryan Reynolds ကို သ၀န်တိုနေတဲ့ သူ့ရဲ့ဇနီး

Posted on - Sep 11 []

Shoonie JiJi

စာရေးသူ

Hollywood မင်းသား Ryan Reynolds ကို​တော့ ပရိသတ်​​တွေအ​နေနဲ့ Deadpool မင်းသားဆိုပြီးရင်းနှီးလို့​နေ​လောက်​မှာပါဖြစ်​ပါတယ်​။ Ryan Reynolds ဟာ ညအိပ်​ရင်​ Kpop Idol ဖြစ်​တဲ့ HyunA နဲ့ပုံကိုအတူထားအိပ်​တတ်​တဲ့အတွက်​ ဇနီးသည်​ကမနှစ်​သက်​ဘဲ သ၀န်​တိုတတ်​​ကြောင်းကို KBS ရုပ်​သံလိုင်းရဲ့ Entertainment Weekly မှာ ​ပြောပြသွားခဲ့ပါ​သေးတယ်​။

Ryan Reynolds ဟာဆိုရင်​​တော့ ၂၀၁၈ ခုနှစ်​တုန်းက Deadpool 2 ဇာတ်​ကားအတွက်​ ကိုရီးယားမှာပရိုမိုးရှင်းလာလုပ်​ခဲ့ဖူးတာပဲဖြစ်​ပါတယ်​။ဒါ​ကြောင့်​ Entertainment Weekly အစီအစဉ်​မှာ Ryan Reynolds ကို ဟန်မြစ်​ကမ်းမှာ​လှေစီးရင်း​မေးခွန်း​တွေ​မေးရင်းအင်​တာဗျူးတဲ့အခါမှာ Deadpool 2 ကို ကိုရီးယားမှာပရိုမိုးရှင်းပြုလုပ်​ခဲ့တုန်းကအ​ကြောင်း​တွေကို ​မေးခဲ့ပါတယ်​။

ထိုပရိုမိုးရှင်းပြုလုပ်​ခဲ့ချိန်​တုန်းက Ryan ဟာ Kpop Idol တစ်​ဦးဖြစ်​တဲ့ HyunA နဲ့အတူ ဓာတ်​ပုံရိုက်​ကွင်းမှာဓာတ်​ပုံရိုက်​ခဲ့ပြီး ထိုပုံကို​တော့ Ryan ဟာ သူ့ရဲ့အင်​စတာဂရမ်​အ​ကောင့်​မှာတင်​ခဲ့ပါ​သေးတယ်​။ဒီပုံကိုပြန်​မြင်​တဲ့အချိန်​မှာလည်း Ryan အ​နေနဲ့ စိတ်​လှုပ်​ရှားပြီး HyunA ရဲ့နာမည်​ကိုပါ​ခေါ်ခဲ့​သေးတာလည်းဖြစ်​ပါ​တယ်​။

ဒါ့အပြင်​ ဒီဓာတ်​ပုံနဲ့ပတ်​သက်​ပြီး သူ့ရဲ့မိန်းမဖြစ်​တဲ့ မင်းသမီး Blake Lively အ​ကြောင်းကိုပါ Ryan က စ​နောက်​ကာ​ပြောပြခဲ့ပါ​သေးတယ်​။"ကျွန်​​တော်​အဲ့ဓာတ်​ပုံကိုကိုင်​ပြီးအိပ်​ရင်​ သူမကမကြိုက်​ဘူး။ဒီတိုင်းကိုမကြိုက်​တာ ချထားဖို့သူက​ပြောတယ်​။" ဆိုပြီး သူ့မိန်းမရဲ့သ၀န်​တိုပုံ​လေးကို ရယ်​​မောကာ​ပြောပြသွားခဲ့တာပဲဖြစ်​ပါတယ်​။

နောက်​ဆုံးမှာ​တော့ Ryan ဟာ HyunA ရဲ့အမာခံပရိသတ်​တစ်​ဦးဖြစ်​​ကြောင်းကိုပါ ​ပြောပြခဲ့ပါ​သေးတယ်​။Ryan အ​နေနဲ့ HyunA နဲ့အတူရိုက်​ကူးခဲ့ရတဲ့ ဒီမင်္ဂလာ​ဆောင်​ပုံစံ Deadpool ရိုက်​ကွင်းကို တကယ်​နှစ်​သက်​ပြီး အရမ်းကိုမိုက်​​ကြောင်းကိုလည်း​ ​ပြောပြခဲ့တာပဲဖြစ်​ပါတယ်​။

winkie
Ref:Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။