"ရူးအောင်ချစ်မယ့်သူ" ရုပ်ရှင်ဇာတ်ကားမှာ မေတိုးခိုင်က အရမ်းချစ်စရာကောင်း တယ်လို့ ပြောလာတဲ့ ပိုးမမှီသာ

Posted on - Sep 11 []

Moe Kalay

စာရေးသူ

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့"သိင်္ဂါရ သီချင်းတစ်ပုဒ်" သီချင်းဗီဒီယိုလေးထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ ဆေးကျောင်းသူလေး ပိုးမမှီသာကတော့ အနုပညာအလုပ်တွေကိုလည်း ဝါသနာအရလုပ်နေသူလေးပါ။ပိုးမမှီသာကတော့ "ပိတောက်ကတဲ့ ဂီတ" ဆိုတဲ့ ဂီတနောက်ခံ ရုပ်ရှင်ဇာတ်ကားကြီးကို စိုင်းစိုင်းခမ်းလှိုင်နဲ့ မန္တလေးမှာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ပိုးမမှီသာက​တော့ ​​ဆေး​ကျောင်းတစ်​ဖက်​နဲ့ အနုပညာအလုပ်​​တွေ ဆက်​တိုက်​ ပြုလုပ်​ဖြစ်​​နေတာပါ။ ​သူမက​တော့ ဆရာဝန်​တစ်​ဦးဖြစ်​သွားရင်​​ အနုပညာအလုပ်​​တွေ ရပ်​နားလိုက်​​တော့မှာဖြစ်​တယ်​လို့လည်း သိရပါတယ်​။

ဒီတစ်ခါမှာတော့ ပိုးမမှီသာက သူမရဲ့ သူငယ်ချင်း မေတိုးခိုင် ရဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ "ရူးအောင်ချစ်မယ့်သူ" ရုပ်ရှင်ဇာတ်ကား ကို သွားရောက်အားပေးခဲ့ပြီး ။ ရူးအောင်ချစ်မယ့်လူ ရုပ်ရှင်ဇာတ်ကား က မေတိုးခိုင် ရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားဖြစ်ပေမယ့် အရမ်းကောင်းတာကြောင့် သွားကြည့်သင့်တယ်လို့ ပြောထားပါတယ်။

ပိုးမမှီသာ က " မနက်ဖြန် ၁၂.၉.၁၉ မှာဖူးဖူးဖောင်းဖောင်းရဲ့ "ရူးအောင်ချစ်မယ့်သူ" လေးရုံတင်ပါတော့မယ်။တစ်နေ့က family show မှာတော့ကြည့်ခဲ့ပြီးကြိုက်လို့ ချစ်စရာကောင်းလို့သွားကြည့်ကြပါလို့ဝဝကစ်ကစ် May T. Khine လေးနဲ့ချစ်စရာအိုက်တင်များကိုတွေ့ရမှာပါ ။ " ဆိုပြီးပြောထားပါတယ်။

ပိုးမမှီသာက ညီအမတွေလိုချစ်ရတဲ့ သူငယ်ချင်း မေတိုးခိုင် က ရူးအောင်ချစ်ရမယ့်လူ ရုပ်ရှင်ဇာတ်ကားမှာ အရမ်းချစ်စရာကောင်းတယ်လို့လည်းပြောထားပါတယ်။


မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ပိုးမမှီသာ ရဲ့ ပုံရိပ်ကလေးတွေကို တွေ့မြင်ရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;poe mamhe thar

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။