အမျိုးသမီး Idol တိုင်းနီးပါး နှစ်သက်သဘောကျကြတဲ့ အမျိုးသား Idol (၄) ယောက်

Posted on - Sep 11 []

Mia Zin

စာရေးသူ

မြောက်များစွာသော အမျိုးသမီး Idol တွေရဲ့မန်နေဂျာတွေ၊ ကိုယ်စားလှယ်တွေနဲ့ သတင်းထောက်တွေရဲ့ ပြောပြချက်အရ အခုတင်ဆက်ဖော်ပြပေးမယ့် အမျိုးသား Idol (၄) ယောက်ဟာ အမျိုးသမီး Idol တွေတိုင်းနီးပါး ကြိုက်နှစ်သက်ကြတဲ့ Idol တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ သူတို့ ၄ ယောက်ကတော့....

1. Park Bo Gum

Park Bo Gum ဟာ စတင်ပွဲထွက်ချိန်ကတည်းက ဂီတအစီအစဉ်တွေမှာ MC အဖြစ် တင်ဆက်ခဲ့တာကြောင့် အဲဒီအချိန်ကတည်းက နှုတ်ခမ်းနီမလေးတွေရဲ့ နှင်းဆီခိုင်တစ်ခိုင် ဖြစ်ခဲ့သူပါ။ ကြည့်ကောင်းချောမောတဲ့ ရုပ်ရည်ရှိတဲ့သူဖြစ်တဲ့အပြင် အပြုံးချိုချိုလေးပိုင်ဆိုင်ထားတာကလည်း သူ့ကို လူကြိုက်များစေတဲ့အကြောင်းအရင်းတစ်ချက် ဖြစ်ပါတယ်။

2. EXO’s Baekhyun

စင်ပေါ်မှာ တင်ဆက်နေတဲ့အချိန်ဆိုရင် ဆွဲဆောင်မှုအပြည့်နဲ့ ဖျော်ဖြေတတ်ပေမယ့်လည်း စတိတ်ရဲ့အနောက်ဘက်မှာဆိုရင်တော့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ ပြောဆိုနေထိုင်တတ်တဲ့ Baekhyun ကတော့ စတင်ပွဲထွက်ချိန်ကတည်းက လူကြိုက်များစိတ်ဝင်စားခြင်းကို ရရှိခဲ့တဲ့ Idol တစ်ယောက် ဖြစ်ပါတယ်။

3. VIXX’s N

ချစ်စရာလည်းကောင်းသလို ဆွဲဆောင်မှုလည်းအပြည့်ရှိတဲ့ နောက်ထပ် Idol တစ်ယောက်ကတော့ VIXX အဖွဲ့ရဲ့ ခေါင်းဆောင် N ပဲ ဖြစ်ပါတယ်။ သီချင်းဆိုတတ်၊ ကတတ်ယုံသာမကပဲ သရုပ်ဆောင်လည်းကောင်းမွန်တဲ့ N ဟာ စကိတ်စီးတဲ့နေရာမှာလည်း တော်တဲ့သူဖြစ်ပါတယ်။

4. BTS’s Jungkook

BTS ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်လေးဖြစ်တဲ့ Jungkook ကတော့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေရှိသလို ယောကျာ်းပီသတဲ့ အသွင်အပြင်တွေကို ပိုင်ဆိုင်ထားသူပါ။ အပြစ်ပြောစရာမရှိလောက်အောင် ပြီးပြည့်စုံမှုကို ပိုင်ဆိုင်ထားတာကြောင့် “golden maknae" လို့ အမည်တွင်တဲ့ Jungkook ဟာလည်း မိန်းကလေးပရိသတ်တွေကိုသာမကပဲ အမျိုးသမီး Idol တွေကိုပါ ဆွဲဆောင်သိမ်းပိုက်ထားနိုင်သူ ဖြစ်ပါတယ်။

Ref : Koreaboo
Mia (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။