ဂျပန်-မြန်မာ ဘောလုံးပွဲမှ မြန်မာဘောလုံးသမားတွေရဲ့ကြိုးစားမှုကို ချီးကျူးလိုက်တဲ့ မင်းမော်ကွန်း

Posted on - Sep 11 []

Rowena

စာရေးသူ

မြန်မာနဲ့ ဂျပန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာတော့ ဂျပန်အသင်းက အိမ်ရှင်မြန်မာအသင်းကို (၀-၂) ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အာရှအင်အားကြီးဂျပန်အသင်းဟာ မြန်မာကို တစ်ဖတ်သတ်ဖိကစားပြီး အနိုင်ရရှိသွားခဲ့တာပါ။ ဂျပန်ဟာ ပွဲကိုသက်သောင့်သက်သာနဲ့ပဲ သာသာယာယာ ထိန်းချုပ်ကစားသွားခဲ့ပြီး ဘက်ပေါင်းစုံကနေ မြန်မာအသင်းကို ထိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းကတော့ ဒုတိယပိုင်းမှာ ကစားပုံလွတ်လပ်လာပြီး ရဲရဲတင်းတင်း တိုက်စစ်ဆင်ကစားခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမဲ့လည်း အင်အားချင်းကွာခြားလွန်းနေတာကြောင့် မြန်မာအနေနဲ့ ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။

မြန်မာအသင်းက ဂျပန်အသင်းကို (၀-၂) ဂိုးနဲ့ ရှုံးနိမ့်သွားပေမယ့် ပရိသတ်တွေအနေနဲ့ မြန်မာဘောလုံးသမားတွေရဲ့ ခြေစွမ်းကို အားရကျေနပ်ခဲ့ပုံပါပဲ။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းနဲ့ ပက်သတ်ပြီး "ဂျပန်ဂိုးသမားတော့မသိဘူး။ မြန်မာဂိုးသမားနဲ့နောက်တန်းတွေတော့ အသေကြိုးစားကြတယ်။ လာမပြောနဲ့ဒါပဲ😡" ဆိုပြီး ပြောလာပါတယ်။

မင်းမော်ကွန်းကတော့ မြန်မာကစားသမားတွေနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။ မိုမိုလေး ပရိသတ်ကြီးရော ဘယ်လိုထင်မြင်ပါသလဲ?

Rowena
Source: Min Maw Kunn's fb
Photo: Myanmar Football Federation

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။