သူမရဲ့ အချစ်ရေးကြောင့် သူငယ်ချင်းတွေက စိတ်ပူလို့ ဖုန်းတောက်လျှောက် ဆက်နေကြတယ် ဆိုတဲ့ နန်းဆုရတီစိုး

Posted on - Sep 11 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုး ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ချစ်စရာကောင်းတဲ့ ဖက်ရှင်အမိုက်စားပုံရိပ်ကလေးတွေ နဲ့ပရိသတ်တွေရဲ့အချစ်ကို ရယူထားတဲ့ နန်းဆုရတီစိုး က သူမရဲ့ အချစ်ရေးကြောင့် သူငယ်ချင်းတွေ စိတ်ပူနေကြတယ် ဆိုတဲ့ အကြောင်းကို မိုမိုလေး ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုး တို့ချစ်သူစုံတွဲ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားကျရတဲ့ ပရိသတ်အချစ်တော်တွေပဲ ဖြစ်ပါတယ်။ မနဲ့ မောင် ချစ်သူစုံတွဲ ဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ သစ္စာတရားတွေနဲ့ တည်ဆောက်ထားတဲ့ G Fatt နဲ့ နန်းဆုတို့ ရဲ့ ချစ်သူနှစ်ဦးကို ပရိသတ်တွေက လည်း အမြဲအားပေးနေကြတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှတော့ ပုံမှန်အမြဲ ဖေ့စ်ဘွတ်ပေါ်မှာ အတွဲပုံလေးတွေဖော်ပြတတ်တဲ့ သူတို့စုံတွဲလေး အေးစက်လာပြီး ပရိသတ်တွေသတိထားမိတဲ့အထိ ဖြစ်လာခဲ့ပါတယ်။နန်းဆုက သူမအချစ်ရေးနဲ့ ပတ်သက်ပြီးလည်း အဆင်မပြေတော့တဲ့အကြောင်း အင်တာဗျူးဖြေထားပါသေးတယ်။

သူမက ဘယ်လိုမှ မတတ်နိုင်ဘူး ကိုယ်တန်ဖိုးအထားဆုံးက သစ္စာတရားဖြစ်နေတော့လဲ " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားပါသေးတယ်။ နန်းဆု ရဲ့ အချစ်ရေးအခြေအနေကြောင့် သူမရဲ့ ပရိသတ်တွေကလည်း စိတ်ပူနေကြပါတယ်။

နန်းဆုရဲ့ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ဝါဆိုမိုးဦး ၊ နွယ်ဒါလီထွန်း နဲ့ တခြား သူငယ်ချင်းတွေကလည်း သးမကို စိတ်ပူလို့ ဖုန်းတွေတောက်လျှောက်ဆက်ပြီး မေးနေကြတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။

နန်းဆုရတီစိုး ရဲ့ လက်ရှိ အချစ်ရေး အခြေအနေအကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;nan suyati soe


Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။