Ballon d'Or ဆု ပြောင်းလဲချိန်တန်ပြီလို့ ပြောကြားသွားခဲ့တဲ့ ဗန်ဒိုက်ခ်ျ

Posted on - Sep 11 []

Gunner Ksr

စာရေးသူ

တိုက်စစ်ကစားသမားတွေပဲ Ballon d'Or ဆုရနေတဲ့အပေါ် ဗန်ဒိုက်ခ်ျကသဘောမကျဖြစ်လျက်ရှိနေပြီး အဲဒီအခြေအနေကို တွန်းလှန်ချင်နေပါတယ်။ လက်တွေ့မှာလည်း နောက်ဆုံး ဆယ်စုနှစ် (၁) ခုကျော်အထိ Ballon d'Or ဆုကို တိုက်စစ်ကစားသမားတွေကပဲ လွှမ်းမိုးထားခဲ့တာဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်က အီတလီဂန္ထ၀င်နောက်ခံလူကင်နာဗာရိုက Ballon d'Or ဆုကို နောက်ဆုံးအကြိမ်ရရှိတဲ့နောက်ခံကစားသမားအဖြစ် မှတ်တမ်းတင်ထားပါတယ်။

ဗန်ဒိုက်ခ်ျဟာ ပြီးခဲ့တဲ့ရာသီမှာ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ပြသထားပြီး လီဗာပူးအတွက် ချန်ပီယံလိဂ်ဆုဖလားကို ရယူပေးခဲ့သလို တစ်ဦးချင်းဆုတံဆိပ်အနေနဲ့လည်း PFA တစ်နှစ်တာအကောင်းဆုံးဆုနဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုတို့ကို ရရှိခဲ့ပါတယ်။

အထူးသဖြင့် မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးဆုကို ရယူပြီးတဲ့နောက်မှာ ဗန်ဒိုက်ခ်ျဟာ Ballon d'Or ဆုရယူနိုင်ဖို့ ပိုမိုရေပန်းစားလာခဲ့ပါတယ်။ ဗန်ဒိုက်ခ်ျကိုယ်ပိုင်ကလည်း Ballon d'Or ဆုကို ရယူနိုင်ဖို့ ဆန္ဒရှိနေတယ်ဆိုတာ သူ့ရဲ့ပြောစကားတွေကိုကြည့်ရင် အထင်းသားတွေ့မြင်ရမှာပါ။

"PFA ဆုကို ရရှိတာက တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့အောင်မြင်မှုပါပဲ။ ကျွန်တော့်ကစားသမားဘ၀ရဲ့ အမြင့်မားဆုံးအခိုက်အတန့်လည်းဖြစ်တယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်အနေနဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့တယ်။

လက်ရှိအချိန်မှာ လာမယ့်ရာသီသစ်ကိုပဲအာရုံစိုက်ထားပြီး မနှစ်ကထက်ပိုကောင်းအောင် ကြိုးစားနေပါတယ်။ Ballon d'Or ဆုဟာ တိုက်စစ်မှူးတွေ ဒါမှမဟုတ် နံပါတ် (၁၀) ကစားသမားတွေအတွက်ပဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ သူတို့ရဲ့ကစားပုံတွေက ပိုပြီးစွဲမက်ဖွယ်ရှိတယ်လေ။ ဒါပေမယ့် အခုတော့ ပြောင်းလဲချိန်တန်ပါပြီ"လို့ ဗန်ဒိုက်ခ်ျက လီဗာပူးတရားဝင်ဝက်ဆိုက်နဲ့တွေ့ဆုံရာမှာ ပြောကြားသွားခဲ့တာပါ။ ဗန်ဒိုက်ခ်ျအနေနဲ့ ယူအီးအက်ဖ်အေဆုရရှိခဲ့သလိုမျိုး Ballon d'Or ဆုကိုလည်း ထပ်မံသိမ်းပိုက်နိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။