Man Of The Matchဆုရရှိမှုမှာ စီရော်နယ်ဒိုထက် အပြတ်အသတ်သာလွန်နေတဲ့ မက်ဆီရဲ့စွမ်းဆောင်ရည်

Posted on - Sep 11 []

Gunner Ksr

စာရေးသူ

ဘာစီလိုနာနဲ့ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးလီယွန်မက်ဆီကတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။ မက်ဆီဟာ ကစားသမားဘ၀မှာ အသင်းလိုက်အောင်မြင်မှု၊ တစ်ဦးချင်းဆုတံဆိပ်များစွာ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ Ballon d'Or ဆု (၅) ကြိမ်အထိရယူထားနိုင်ခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့လည်း ဆုဖလားများစွာ ရယူထားနိုင်ခဲ့တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

အခုအခါမှာလည်း မက်ဆီနဲ့ ပတ်သက်ပြီးနောက်ထပ်အံ့အားသင့်ဖွယ်ကောင်းတဲ့ အချက်အလက်မှတ်တမ်းတစ်ခု ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ မက်ဆီဟာ ၂၀၁၀-၁၁ ရာသီကစတင်ပြီး နောက်ဆုံး (၁၀) နှစ်အတွင်း Man Of The Match (၂၂၅) ကြိမ်ရယူထားနိုင်ခဲ့တာပါပဲ။

ဒီစာရင်းကို မက်ဆီဟာ ပွဲစဉ်တွေမှာ အကောင်းဆုံးခြေစွမ်းပြသထားနိုင်တယ်ဆိုတာ ထင်ရှားလှပါတယ်။ မက်ဆီဟာ နောက်ပိုင်းနှစ်တွေမှာ တစ်ဦးချင်းဆုတံဆိပ်တွေနဲ့ ဝေးကွာနေပေမယ့်လည်း တစ်ပွဲချင်းမှာတော့ အကောင်းဆုံးစွမ်းဆောင်ထားနိုင်တယ်ဆိုတာ သိသာစေတဲ့ အချက်ပါပဲ။

မက်ဆီရဲ့မဟာပြိုင်ဘက် စီရော်နယ်ဒိုကတော့ အဲဒီကာလမှာ ရီးရဲမက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းအတွက် Man Of The Match (၁၂၅) ကြိမ်သာ ရယူထားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် မက်ဆီဟာ Man Of The Match ချင်းယှဉ်ရင်တော့ အဓိကပြိုင်ဘက်စီရော်နယ်ဒိုထက် အပြတ်အသက်အသာရနေတယ်လို့ ဆိုရမှာပါ။

မက်ဆီဟာ လက်ရှိမှာ ဒဏ်ရာပြဿနာကြောင့် အနားယူနေရလျက်ရှိနေပြီး ပြီးခဲ့တဲ့ကိုပါအမေရိကဖလားပြိုင်ပွဲပြီးကတည်းက ဘာစီလိုနာရဲ့ပွဲစဉ်တွေမှာ လုံးဝပါဝင်ကစားထားနိုင်ခြင်း မရှိသေးပါဘူး။

နောက်ဆုံး (၁၀) နှစ်အတွင်း Man Of The Match ဆုကို အများဆုံးရရှိထားသူများ

1. Lionel Messi - 225

2. Cristiano Ronaldo - 125

3. Eden Hazard - 93

4. Zlatan Ibrahimovic - 89

5. Neymar - 65

5. Luis Suarez - 65

7. Gareth Bale - 62

8. Antoine Griezmann - 58

9. Arturo Vidal - 53

10. Marco Reus - 50

Ref: Sportbible
Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။