အစာအိမ်မှန်ပြောင်းကြည့်ပြီး သိရှိခဲ့တဲ့ ဝေဠုကျော်ရဲ့ ကျန်းမာရေးအခြေအနေ

Posted on - Sep 11 []

Rowena

စာရေးသူ

ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ မင်းသားကြီး ဝေဠုကျော်က "ဝေဠုကျော်ဖောင်ဒေးရှင်း" ကို တည်ထောင်ထားသူ ဖြစ်ပါတယ်။ ဝေဠုကျော်က သရုပ်ဆောင်ဘဝမှာကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ ဝေဠုကျော်က ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်တော့လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုလို့တောင် ရရှိခဲ့သေးတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဝေဠုကျော်က သူ့ရဲ့ ကျန်းမာရေး အခြေအနေကြောင့် ဆေးစစ်ကုသမှုတွေ ပြုလုပ်နေရပြီး အနုပညာလုပ်ငန်းနဲ့ ပရဟိတလုပ်ငန်းတွေကို ခတ္တရပ်နားထားတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဝေဠုကျော်က အားလုံး စိတ်ပူနေကြတဲ့ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို အခုလိုပဲ ပြောပြလာပါတယ်။ "အစာအိမ် မှန်ပြောင်း ကြည့်ပြီးပါပြီ ခင်ဗျာ။ ခွဲစိတ်ရန် မလိုသေးပါ၊ အဖု၊ အကြိတ်၊ အလုံး၊ အသားပို၊ အနာ၊ ဒါဏ်ရာ မရှိ၊ ကင်ဆာ ဖြစ်နိုင်ခြေ မတွေ့ရ။"

"အစာအိမ်တော့ နီပြီး ရောင်နေတဲ့အတွက် အချိန်ယူ ကုရမယ်၊ ရိုးရိုးရောင်တာလား ဗိုင်းရပ်ကြောင့်လားဆိုတာ အသားစ ယူပြီး စစ်နေပါတယ်။ စိတ်ပူပေးကြသူများ နဲ့ သတင်းမေးကြသူများ အားလုးံအား ကျေးဇူးအထူးပါ။" ဆိုပြီး ပြောပြလာပါတယ်။

ဝေဠုကျော်ရဲ့ ကျန်းမာရေးအခြေအနေကတော့ စိုးရိမ်စရာမရှိပေမယ့် အချိန်ယူပြီး ကုသရမှာမို့ မြန်မြန်သက်သာလာပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

Rowena
Source: Wai Lu Kyaw's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။