သားဖြစ်သူရဲ့ EX ကို သွားတောင်းပန်ပေးခဲ့ရဖူးကြောင်း ပြောပြလာတဲ့ စည်ဖြိုးရဲ့ မိခင်

Posted on - Sep 11 []

May Phyo

စာရေးသူ

ဗီဒီယို ရုပ်ရှင် ဇာတ်ကားတွေ ခေတ်စားခဲ့တဲ့ အချိန်က ဗီဒီယိုကားပေါင်းများစွာကို ရိုက်ကူးရင်း အနုပညာလော ကထဲကိုရောက်ရှိလာခဲ့တဲ့ သရုပ်ဆောင် စည်ဖြိုးဟာ ပရိသတ်တွေများစွာ ရရှိခဲ့ပြီး အတိုင်းအတာတစ်ခုထိအောင်မြင်မှုကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးရင်း အနုပညာလောကမှာ အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်စေချင်တဲ့ မိခင်ကောင်းတစ်ယောက်ရှိနေလို့လဲ သူယခုလို ရှင်သန်ရပ်တည်နေနိုင်တာလဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ စည်ဖြိုးရဲ့ မိခင်ဖြစ်သူ အန်တီ သီသီဝင်းက စည်ဖြိုးရဲ့ အချစ်ကြီးတဲ့ အကြောင်းနဲ့ သူ့ရဲ့ ချစ်သူကောင်မလေးတစ်ယောက်ကို သားကိုမထားခဲ့ဖို့ အထိတောင် သွားတောင်းပန်ဖူးခဲ့ကြောင်းကို ပြောပြလာခဲ့ပါတယ်။

သူပြောပြခဲ့တာကတော့ “ သားနှစ်ယောက်က အဖေထက်ပိုပြီး လိမ္မာကြတယ် ။ အဖေထက်ပြို့ပီးသစ္စာရှိကြတယ် ။ စည်ဖြိုးဆို အရမ်းချစ်တက်တယ် အရင်က သူ့ကိုပြစ်သွားတဲ့မိန်းကလေးကို အန်တီကိုယ်တိုင်က သွားတောင်းပန်ရတယ်။ သူကအရူးအမူးဖြစ်နေတာလေ ၂လ ၃လ သူတို့က အရမ်းချစ်တက်ကြတာ အန်တီ့လို အတိုင်းအတာနဲ့ မချစ်တက်ကြဘူး ။ အရမ်းချစ်တက်ကြတော့ အန်တီကအစသွားတောင်းပန်ရတဲ့ဘ၀ရောက်တယ်”

“သူအရမ်းခံစားနေရပါတယ် မနက်လေးနာရီမှအိပ်တယ် သမီးရယ် အန်တီသားကိုပြန်လက်ခံပေးပါဆိုတော့ ကောင်မလေး က လုံးဝခါးခါးသီးသီ ဖြစ်နေတော့ သူကခါးခါးသီးသီဖြစ်နေတယ် သားရယ်ဆိုပြီး ဖြေရှင်းပေးခဲ့ရတယ်။ အဲ့မှာ နောက်တစ်ေ ယာက်က ဗေဒင်လာမေးရော လာမေးတဲ့အချိန်မှာ ငါ့သားပုံဘဲပေါ်နေပါလား ပေါ့ ဆိုတော့ မေးလိုက်တယ်စည်ဖြိုးနဲ့ ဘယ်လိုပတ်သက်လဲဆိုတော့ သူငယ်ချင်းတဲ့”

“ ဒါပေမယ့် နောက်ပိုင်းကြတော့ တစ်ကယ်ပတ်သက်လာတယ်လေ။ ခုတော့လဲ စည်ဖြိုးရဲ့ အချစ်ရေး ကအစပိုင်းတော့ အဆင်မပြေသလိုရှိပေမယ့် ခုနောက်ပိုင်းတော့ရင့်ကျက်သွားပြီး သံယောဇဉ်တော်တော် တွယ်နေပါတယ်။ ပြောလို့မရဘူး ယူဖြစ်မယ်ထင်ပါတယ်။အန်တီ့အနေနဲ့ကလဲ အန်တီ့သားချစ်ခဲ့ရင် ဘာမှမရှိတဲ့ မိန်းကလေးလာရင်လဲ ချစ်မိမှာဘဲ အန်တီ့သားချစ်မယ်ဆိုရင်ပြောတာ”

“ သူတို့အချင်းချင်း အဆင်ပြေကြမယ် သစ္စာရှိကြမယ် စိတ်တူသဘောတူဖြစ်မယ် နောက်ပြီးစည်ဖြိုးကိုအန်တီက အောင်မြင်စေချင်တယ် အခုလဲ အလယ်အလတ်လောက်တော့ရှိပါတယ်။ သူတို့ဘ၀သူတို့ ရပ်တည်ပြီး လျှောက်စေချင်တယ် ။အန်တီကတော့ နောက်နှစ်ကုန်လောက်တော့ စီစဉ်ထားတယ် ဒါပေမယ့် ကံတရားကလဲ ရှိသေးတယ်လေ” လို့ ဆိုပြီး သားနဲ့ ပတ်သက်တဲ့ အချစ်ရေးပြဿနာတွေကို ပွင့်လင်းစွာ ပြောပြခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေး ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(mml)
Source – momolay tv

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။