မမနှင်း၊ အစ်ကိုကျော်နဲ့ မော်တို့ရဲ့ ကြည်နူးစရာ သုံးပွင့်ဆိုင် ပုံရိပ်များ

Posted on - Sep 12 []

Rowena

စာရေးသူ

ယခုလက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ "နှင်းဆီ" ဇာတ်လမ်းတွဲက မြှပ်ကွက်တွေနဲ့အတူ ပရိသတ်တွေကို စိတ်ဝင်စားအောင် စွဲဆောင်ထားနိုင်တာပါ။ "နှင်းဆီ" ဇာတ်လမ်းတွဲက ဆရာမကြီး မစန္ဒာရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္ထုကို ပြန်လည်ပုံဖော် ရိုက်ကူးထားတာမို့ ဇာတ်လမ်း၊ ဇာတ်အိမ်က ပြောစရာမလိုအောင် အထူးကောင်းမွန်သလို ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကလည်း အထူးကြိုးစားကြတာကို တွေ့ရပါတယ်။

"နှင်းဆီ" ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ စည်သူဝင်း၊ ခေးဆက်သွင်နဲ့ ဝေလာရီတို့ရဲ့ သရုပ်ဆောင်စွမ်းရည်ကလည်း ပရိသတ်တွေရဲ့ ချီးကျူးအားပေးခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ "နှင်းဆီ" ဇာတ်လမ်းတွဲရဲ့ ပင်တိုင်စံလေးတွေဖြစ်တဲ့ စည်သူဝင်း၊ ခေးဆက်သွင်နဲ့ ဝေလာရီတို့ သုံးယောက် ဆုံစည်းခဲ့တာပဲ ဖြစ်ပါတယ်။

မိုမိုလေး ပရိသတ်တွေအတွက် အစ်ကိုကျော်၊ မမနှင်းနဲ့ မော်လေးတို့ သုံးယောက်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

စည်သူဝင်း၊ ခေးဆက်သွင်နဲ့ ဝေလာရီတို့ကတော့ ချစ်စရာကောင်းတဲ့ အမူအယာ ပုံရိပ်လေးတွေနဲ့ တွေ့မြင်ရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ဝေလာရီတို့ရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena
Source: Wal La Ri's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။